Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

System is the solution.

စနစ်က အဖြေပဲ။
System is the solution.

လိုချင်တဲ့ ရလဒ်ရဖို့
စနစ်အရေးကြီးတယ်။
စက်ဘီးစီးတဲ့သူတော်တော်များများ
Peter Keen ကိုသိကြလိမ့်မယ်။
British စက်ဘီးအသင်းကို 2003 ကနေ 2008 ထိ
စွမ်းဆောင်ရည်မြင့်ဖို့ performance director အနေနဲ့
နည်းပြ coach လုပ်လာခဲ့တာ။
အဲ့မတိုင်ခင်က British team က
ကမ္ဘာ့အဆင့်ထဲရောက်ဖို့ အဆင့်မရှိခဲ့ဘူး။

သူရောက်လာတဲ့နောက်မှာ
စနစ်နဲ့ အားကစားသမားတွေရဲ့
နေ့စဥ်လုပ်ဆောင်ပုံ culture တွေကို
လေ့လာပြီး သေချာတည်ဆောက်တယ်။

အမြဲမမြတ်တိုးတက်နေဖို့အတွက်
ဂျပန်တို့ရဲ့ Kaizen အတွေးအခေါ်
continuous improvement လုပ်တယ်။

ဒေတာပေါ်မူတည်ပြီး ဆုံးဖြတ်ချက်ချတယ်။
data-driven decision လုပ်တယ်။

နောက်ပြီး team ထဲမှာ စုပေါင်းလုပ်ဆောင်နိုင်ဖို့
collaboration နဲ့ communication
ကောင်းအောင်လုပ်တယ်။

ဒီစနစ်တွေ သေချာလုပ်ပြီးတဲ့နောက်
British Cycling Federation က
ကမ္ဘာကျော်ဖြစ်သွားတယ်။

အတိတ်ကတော့ ပြီးသွားပြီ။
အနာဂတ်ဆိုတာလဲ မရောက်သေးဘူး။
ပစ္စုပ္ပန်ဆိုတာပဲ အစိုးရတဲ့အတွက်
အနာဂတ်မှာ ကိုယ်လိုချင်တဲ့ရလဒ်ရဖို့
ပစ္စုပ္ပန်စနစ်ကို သေချာတည်ဆောက်ဖို့လိုတယ်။

Phyo Paing @ Derek

Share Your Idea!​