ဘဝမှာ အကောင်းမမြင်တတ်တာကြာပြီ။
ငယ်ငယ်ကတော့ အကောင်းမြင်၊
ကိုယ့်ကိုကိုယ် ယုံကြည်။
ချသာချ။
ယုံကြည်ရင် ဘာမဆိုဖြစ်တယ်။
အသက်ကြီးလာတော့ အခြေနေတစ်ခုကို
ဓမ္မဓိဋ္ဌာန် ကျကျကြည့်တတ်ရမယ်ဆိုတာ
နားလည်လာတယ်။
ကိုယ့်ကိုကိုယ် အယုံကြည်မလွယ်အောင်
ငါယုံကြည်တာ တကယ်မှန်လား
ဆိုတဲ့မေးခွန်းအမြဲပြန်မေးကြည့်တယ်။
Trust, but verify ဆိုသလိုပေါ့။
ဘဝမှာ အစွဲတွေရှိတတ်တယ်။
အစွဲတွေ ချွတ်ဖို့ အမှန်မြင်ဖို့လိုတယ်။
အမှန်မြင်မှ အမှန်မြင်မယ်။
အမှန်မြင်ဖို့ ကိုယ်လောကကြီးကိုကြည့်တဲ့
မျက်လုံးရှေ့က မှန်ဖြစ်တဲ့
ယုံကြည်မှု၊ တန်ဖိုးထားမှု၊ စဥ်းစားမှုပုံစံ၊
ခေါင်းထဲထည့်ထားတဲ့အရာတွေ
ဟုတ်မဟုတ် ပြန်လည်ဆန်းစစ်ရတယ်။
Phyo Paing @ Derek