ကိုယ်နေ့စဥ်လုပ်နေရဲ့အရာတွေကြောင့်
ကိုယ်ဖြစ်လာတာပဲ။
အဲ့တော့ ကိုယ်နေ့စဥ် ဘာတွေလုပ်မလဲဆိုတာ
သတ်မှတ်ရတယ်။
တစ်ရက်တာကို ဘယ်လိုဖြတ်သန်းမလဲဆိုတာ
ဒီဇိုင်းလုပ်ရတယ်။
ဘာပဲဖြစ်ဖြစ် မဖြစ်မနေလုပ်မည့်
နေ့စဥ် လုပ်ရပ်တွေရှိဖို့လိုတယ်။
ကျွန်တော်ယုံကြည်တာက
Design + Discipline = Destiny ပဲ။
ဒီဇိုင်း + စည်းကမ်း = ကံကြမ္မာ
လူတစ်ယောက် အချိန်ဘယ်လိုကုန်လဲ
ကြည့်ကြည့်။
တခြားသူတွေအကြောင်းပဲ
အားရပါးရ အတင်းပြောပြီး
လူမှုကွန်ယက်တွေမှာ မျှဝေနေတာလား။
ကိုယ့်ဘဝပြဿနာ မကျေနပ်ချက်တွေကို
တခြားသူတွေကို အပြစ်တင်ပြီး
ဘူနေတာလား။
ကိုယ့်ဘဝမှာ ထိန်းချုပ်နိုင်တာနဲ့
မထိန်းချုပ်နိုင်တာကိုခွဲသိပြီး
ထိန်းချုပ်နိုင်တာကို ကိုယ်အကောင်းဆုံး
လုပ်ဆောင်နေတာလား။
လုပ်ရပ်တွေပေါ်မူတည်ပြီး
ကျန်းမာရေး၊ အလုပ်အကိုင်၊ စီးပွားရေး၊
လူမှုရေး၊ စိတ်ငြိမ်းချမ်းမှု
ဘဝတွေက ကွာသွားမယ်လို့ထင်တယ်။
Phyo Paing @ Derek