Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ကိုယ့်ကိုကိုယ် ခွင့်မလွှတ်နိုင်သူသူများကို ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူး။

ကိုယ့်ကိုကိုယ် အလွန်အကျွံ အပြစ်မတင်ပါနဲ့။

အမှားလုပ်မိတိုင်း
ကိုယ့်ကိုကိုယ် အပြစ်တင်တာ
လူတိုင်း လုပ်ဖူးတယ်။

ဒါပေမယ့် —
အပြစ်တင်တာနဲ့ သင်ခန်းစာယူတာ မတူဘူး။

အပြစ်တင်တာက ကိုယ့်ကို ဖျက်ဆီးတယ်။
သင်ခန်းစာယူတာက ကိုယ့်ကို တည်ဆောက်တယ်။

ကျွန်တော်လဲ အဲဒါကို နှစ်ပေါင်းများစွာ ခွဲခြားမသိခဲ့ဘူး။

အမှားတစ်ခု လုပ်မိရင်
ခေါင်းထဲမှာ အသံတစ်ခု ပေါ်လာတယ်။
“မင်း ဘာမှ မဟုတ်ဘူး။”
“ဒါလဲ မလုပ်တတ်ဘူး။”
“တခြားသူတွေ လုပ်တတ်တာ မင်းဘာလို့ မလုပ်တတ်တာလဲ။”

ဒီအသံက ကိုယ့်အသံ မဟုတ်ဘူး။
ဒါ inner critic ရဲ့ အသံ။

Psychology မှာ
inner critic ဆိုတာ ကိုယ့်ကို ကာကွယ်ဖို့ ဖန်တီးထားတဲ့ စနစ်။
ဒါပေမယ့် အလွန်အကျွံ ဖြစ်ရင်
ကာကွယ်တာ မဟုတ်တော့ဘူး — ဖိနှိပ်နေတာ။

Kristin Neff ပြောတယ်။
“Self-compassion is not self-indulgence. It is self-preservation.”

ကိုယ့်ကိုကိုယ် သနားတာ
ကိုယ့်ကိုကိုယ် အားပေးနေတာ မဟုတ်ဘူး။
ကိုယ့်ကိုကိုယ် ဆက်သွားနိုင်အောင် ပြုပြင်နေတာ။

ကားတစ်စီး ပျက်သွားရင်
ကားကို ကျိန်ဆဲနေမှာလား။
ကားကို ပြင်မှာလား။

ကိုယ့်ကိုကိုယ်လဲ ဒီလိုပဲ။

အမှားလုပ်မိရင် —
ပထမ — ရပ်ပါ။ အသံကို သတိထားပါ။
“ငါ ကိုယ့်ကိုကိုယ် ဘာပြောနေလဲ” ဆိုတာ နားထောင်ပါ။

ဒုတိယ — ခွဲပါ။
“ငါ အမှားလုပ်မိတယ်” နဲ့ “ငါ အမှားပဲ” မတူဘူး။
အမှားလုပ်မိတာ — action။
ငါ အမှားပဲ — identity။

Action ကို ပြင်လို့ ရတယ်။
Identity ကို ယုံကြည်လိုက်ရင် — ပြင်စရာ မကျန်ဘူး။

တတိယ — ခွင့်လွှတ်ပါ။
ကိုယ့်ကိုကိုယ် ခွင့်လွှတ်တာ
အားနည်းတာ မဟုတ်ဘူး။
ဆက်သွားနိုင်စွမ်း ဖန်တီးတာ။

ဗုဒ္ဓ ဆုံးမတော်မူတယ်။
“အတိတ်ကို မလိုက်ပါနဲ့။ အနာဂတ်ကို မတမ်းတပါနဲ့။
ပစ္စုပ္ပန်ကို သတိနဲ့ နေပါ။”

အမှားက အတိတ်မှာ ရှိတယ်။
သင်ခန်းစာက ပစ္စုပ္ပန်မှာ ရှိတယ်။
တိုးတက်မှုက အနာဂတ်မှာ ရှိတယ်။

အပြစ်တင်ခြင်းက ကိုယ့်ကို အတိတ်ထဲ ချုပ်နှောင်ထားတယ်။
ခွင့်လွှတ်ခြင်းက ကိုယ့်ကို ပစ္စုပ္ပန်ထဲ ပြန်ခေါ်လာတယ်။

ကိုယ့်ကိုကိုယ် ပြစ်တင်နေတာ
ကိုယ့်ကိုကိုယ် ဂရုစိုက်နေတာလို့ ထင်ရတယ်။
ဒါပေမယ့် တကယ်တော့
ကိုယ့်ကိုကိုယ် ထပ်ခါထပ်ခါ ဒဏ်ရာပေးနေတာ။

ဒဏ်ရာအသစ်တွေနဲ့ ခရီးဆက်လို့ မရဘူး။

ဒါကြောင့် —

အမှားလုပ်မိရင် ခွင့်လွှတ်ပါ။
ခွင့်လွှတ်ပြီးရင် သင်ခန်းစာ ယူပါ။
သင်ခန်းစာ ယူပြီးရင် ဆက်လျှောက်ပါ။

ကိုယ့်ကို အကြင်နာဆုံး ဆက်ဆံသင့်တဲ့ လူက
ကိုယ်ပဲ။

ကိုယ့်ကိုကိုယ် ခွင့်မလွှတ်နိုင်သူ
သူများကို ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူး။

ကိုယ့်ဆီက စပါ။

Phyo Paing @ Derek

Share Your Idea!​