ဘဝတွေ ဘာကြောင့် ကွာသွားတာလဲ။
အကြောင်းကတော့ တစ်ခုပဲ
အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ပုံ မတူလို့ပဲ။
တရုတ်တွေ ဆိုကြတယ်။
“人无远虑,必有近忧。”
ဝေးတဲ့နေ့တွေအတွက် မစဉ်းစားဘဲနေရင်
နီးတဲ့ပြဿနာတွေ မုချ ရောက်လာမည်။
ကွန်ဖြူးရှပ် ၂၅၀၀ နှစ်ကြာ ပြောခဲ့တာ။
ဒီနေ့ထိ မပြောင်းသေးဘူး။
စီးပွားရေးသုတေသနလေ့လာချက်တစ်ခုအရ
ကုမ္ပဏီတွေ ဘာကြောင့် ပျက်ကွက်တာလဲ စစ်ဆေးတဲ့အခါ
အများစုက ငွေကြေးကြောင့် မဟုတ်ဘူး။
အစွမ်းမရှိလို့ မဟုတ်ဘူး။
ရေတိုဖိအားကြောင့်
ရေရှည်စီမံကိန်းကို
လမ်းခုလတ်မှာပဲ စွန့်လွှတ်လိုက်တာကြောင့်ပဲ။
ဒါ အသိပညာ ပြဿနာ မဟုတ်ဘူး။
ဒါ ဦးစားပေးမှု ပြဿနာ။
နေ့စားသမား
ဒီလ လုံလောက်ရင် ပြီးတယ်။
နောက်လ ရောက်မှ နောက်လ စဉ်းစားမယ်။
ဖြစ်လာမှ တုံ့ပြန်တယ်။
ပြင်ဆင်တာ မဟုတ်ဘဲ ကယ်ဆယ်နေတာ။
ဘဝကို လက်ခံနေတာ —
ဘဝကို ဦးဆောင်နေတာ မဟုတ်ဘူး။
မန်နေဂျာ
သုံးလ၊ တစ်နှစ်အတွက် စီမံကိန်းဆွဲတယ်။
ရည်မှန်းချက်ပြည့်အောင် ကြိုးစားတယ်။
ဒါ ကောင်းတယ်။
ဒါပေမယ့် မလုံလောက်သေးဘူး။
စနစ်ထဲမှာ အကောင်းဆုံး ဖြစ်အောင် လုပ်နေတာ —
စနစ်ကိုယ်တိုင်က မှားနေရင်
အားထုတ်မှုတစ်ခုလုံး ဆုံးရှုံးနိုင်တယ်။
အောင်မြင်တဲ့ လုပ်ငန်းရှင်
ငါးနှစ်၊ တစ်ဆယ်နှစ်၊ နှစ်ဆယ်နှစ်ကို မြင်တယ်။
ဒီနေ့ ဘာလုပ်ရမလဲဆိုတာ
အဲဒီ မျှော်မှန်းချက်ကနေ ပြန်တွက်တယ်။
နောက်ကျမှ ပြောင်းတာ မဟုတ်ဘဲ
ကြိုပြီး ပြောင်းတယ်။
နေသလိုဖြစ်တဲ့ဘဝကို
ဖြစ်သလိုနေလိုက်တာ မဟုတ်ဘဲ
ကိုယ့်အနာဂတ်ကို ကိုယ်တိုင် ဖန်တီးတယ်။
ကွာတာက ဉာဏ်မဟုတ်ဘူး။
ကြိုးစားမှု မဟုတ်ဘူး။
ဘယ်ကာလကနေ ဆုံးဖြတ်ချက်ချနေတာလဲ
ဒါကသာ ကွာတာ။
အနာဂတ်အတွက်
ကြိုတင်ပြင်ဖို့လိုတယ်။
Phyo Paing @ Derek