အချစ်ရေးအဆင်ပြေရင်
ကျန်တာအဆင်ပြေဖို့လွယ်တယ်။
အချစ်ရေးဆိုတာ သမီးရည်းစားနဲ့မှမဟုတ်ဘူး
မိဘ၊ သားသမီး အကုန်ပါတာပေါ့။
ဘယ်လောက်ထိဆိုးမိုက်တဲ့သူပဲဖြစ်ဖြစ်
အချစ်ခံချင်တဲ့သူကြီးပဲ။
ဒီအချစ်ပြဿနာကို မဖြေရှင်းရင်
ဘဝပြဿနာကလဲ မလွယ်ဘူး။
တချို့ဘာသာတရားမှာက
မိဘအချစ်ကိုမရလဲ
ဘုရားအချစ်ကိုရတာမျိုးရှိတယ်။
တရားတွေ အရမ်းရသွားပြီး
ဥပက္ခာရားနဲ့နေနိုင်သွားရင်တော့မပြောတတ်ဘူး။
ပုထုဇဥ်အများစုကတော့
အချစ်လိုတယ်။
အချစ် bottlenecks ကိုဖြေရှင်းနိုင်ရင်
ကျန်တဲ့ဘဝ အစိတ်အပိုင်းတွေက
ဖြေရှင်းလို့လွယ်တယ်။
ဒါကြောင့် အချစ်အကြောင်းဆို
တီကောင်ဆားနဲ့ထိသလို ဖြစ်ကြတာပေါ့။
သီချင်းတွေလဲ အချစ်သီချင်းတွေပဲ
အများစုရှိကြတာ မဟုတ်လား။
Phyo Paing @ Derek