တစ်ခါတလေ
တူညီတဲ့လူ၊
တူညီတဲ့အရည်အချင်း၊
တူညီတဲ့အလုပ်ကိုပဲ လုပ်နေတာ။
ဒါပေမယ့်
တစ်ရက်မှာ အရာအားလုံး အဆင်ပြေတယ်။
နောက်တစ်ရက်မှာ ဘာမှမလုပ်ချင်တော့ဘူး။
ဘာကြောင့်လဲ?
အကြောင်းရင်းက Skill မဟုတ်ဘူး။
State (စိတ်အခြေအနေ) ပါ။
NLP (Neuro-Linguistic Programming) မှာ
“Your state determines your behavior.”
လို့ ပြောကြတယ်။
ကိုယ့်ရဲ့ Emotional State က
ကိုယ် ဘယ်လိုစကားပြောမလဲ၊
ဘယ်လိုဆုံးဖြတ်မလဲ၊
ဘယ်လောက်အထိ ကြိုးစားမလဲကို သတ်မှတ်ပေးတယ်။
ဗုဒ္ဓရဲ့ အဘိဓမ္မာကို ကြည့်လိုက်ရင်တော့
လူရဲ့စိတ်ဟာ
“ကောင်းတယ်၊ ဆိုးတယ်” လို့ နှစ်မျိုးတည်း မဟုတ်ဘူး။
စေတသိတ် (၅၂ ပါး) ဆိုတဲ့
စိတ်နဲ့အတူ ဖြစ်ပေါ်လာတဲ့
စိတ်အရည်အသွေးတွေရှိတယ်။
ဥပမာ
လောဘ (လိုချင်စိတ်)
ဒေါသ (အမျက်)
မောဟ (မသိမှု)
သတိ (Mindfulness)
ဝီရိယ (ကြိုးစားမှု)
ပညာ (Wisdom)
ကရုဏာ (Compassion)
မုဒိတာ (ဝမ်းမြောက်နိုင်မှု)
ဒီစိတ်အရည်အသွေးတွေ
ပေါင်းစပ်ပြီး
ကိုယ့်ရဲ့ “State” ကို ဖန်တီးနေတာ။
အလုပ်မဖြစ်တဲ့နေ့မှာ…
“ငါ ပျင်းနေတာပဲ”
လို့ မပြောပါနဲ့။
အဲဒီအစား
“အခု ငါ့မှာ ဘယ်စေတသိတ်တွေ အားကောင်းနေသလဲ?”
လို့ မေးကြည့်ပါ။
ဥပမာ ကိုယ်က
ဒေါသများနေလား?
စိုးရိမ်စိတ်များနေလား?
မနာလိုစိတ်ဝင်နေလား?
ဒါမှမဟုတ်
သတိမရှိလို့
အလိုလို တုံ့ပြန်နေတာလား?
တိုးတက်တဲ့သူတွေက
Emotions ကို မတိုက်ခိုက်ဘူး။
ကိုယ့်ကိုကိုယ် အပြစ်မတင်နေတော့ဘူး။
ဘေးထိုင်ဘုပြောမနေဘူး။
သူတို့ State ကို ပြောင်းတယ်။
ဥပမာ
❌ “ငါ မလုပ်နိုင်ဘူး။”
အစား
✔️ “အခု ငါ့ရဲ့ State က အားနည်းနေတာ။ State ကို အရင်ပြောင်းမယ်။”
လို့ စဉ်းစားတယ်။
State ကို ဘယ်လိုပြောင်းမလဲ?
ကိုယ်အနေအထား (Posture) ပြောင်းပါ။
အသက်ရှူပုံကို ထိန်းပါ။
ကိုယ့်ကိုယ်ကို မေးတဲ့မေးခွန်းကို ပြောင်းပါ။
သတိနဲ့ ကိုယ့်စိတ်ကို ကြည့်ပါ။
လုပ်နိုင်တဲ့ အလုပ်သေးသေးလေးတစ်ခုကို စလုပ်ပါ။
ဒီလိုလုပ်လိုက်ရင်
စိတ်အခြေအနေက ပြောင်းလာတယ်။
State ပြောင်းရင်
အပြုအမူ ပြောင်းတယ်။
အပြုအမူ ပြောင်းရင်
အကျင့် ပြောင်းတယ်။
အကျင့် ပြောင်းရင်
ဘဝ ပြောင်းတယ်။
ကျွန်တော် အမြဲယုံကြည်တဲ့ အချက်တစ်ခုရှိတယ်။
လူတစ်ယောက်ရဲ့ အနာဂတ်ကို Skill တစ်ခုတည်းက မဆုံးဖြတ်ဘူး။
နေ့တိုင်း ကိုယ့်စိတ်အခြေအနေကို
ဘယ်လောက်ကောင်းကောင်း စီမံနိုင်သလဲဆိုတာက ပိုအရေးကြီးတယ်။
အဘိဓမ္မာက
စိတ်ကို နားလည်အောင် သင်ပေးတယ်။
NLP က
အဲဒီစိတ်အခြေအနေကို
ရည်ရွယ်ချက်ရှိရှိ ပြောင်းလဲအသုံးချနည်း သင်ပေးတယ်။
နှစ်ခုလုံးရဲ့ ရည်ရွယ်ချက်က တူတယ်။
ကိုယ့်စိတ်ကို ကိုယ်အုပ်ချုပ်နိုင်တဲ့သူက
ကိုယ့်ဘဝကိုလည်း အုပ်ချုပ်နိုင်တယ်။
Phyo Paing @ Derek