ထူးဆန်းတာတစ်ခုက
ပြဿနာလာရင်
အစုလိုက်အပြုံလိုက်လာတယ်။
ပြီးသွားတဲ့အခါလဲ
အစုလိုက် အပြုံလိုက်ပြီးတယ်။
ပြီးသွားတဲ့အခါလဲ
reset ချလိုက်သလိုပဲ
တစ်ခုပြီးတစ်ခု တစ်ရက်တည်း။
ဘဝက ရေလှိုင်းလိုပဲ
လှိုင်းပေါ်ရောက်နေချိန် စမာန်မတက်နဲ့။
လှိုင်းအောက်ရောက်နေချိန်လဲ စိတ်ဓာတ်မကျနဲ့။
ဘဝက duality ပဲ။
အလင်းအမှောင်။
အနိမ့်အမြင့်။
အတက်အကျ။
လောကဓံရှစ်ပါး။
Phyo Paing @ Derek