Social Game တတ်တဲ့ သူက
Marketing တတ်တယ်။
ဒီ ၂ ခုက တူညီတဲ့ Game ဖြစ်တယ်။
Marketing ကို သီးသန့် ပညာ တစ်ခု လို့ ထင်ကြတယ်။
Funnel
Conversion
Copy
Ads
ဒါတွေ သီးသန့် သင်ယူရမယ်
သီးသန့် တတ်ရမယ်
ဒီလို ထင်ကြတယ်။
ဒါ မှားတာ မဟုတ်ဘူး
ဒါပေမယ့် မပြည့်စုံဘူး
Marketing ရဲ့ အခြေခံက
tool တွေ technique တွေ မဟုတ်ဘူး
လူကို နားလည်ခြင်း ဖြစ်တယ်
လူကို နားလည်ခြင်း ဆိုတာ
social game ဖြစ်တယ်
ဒါကြောင့်
social game တတ်တဲ့ သူက
marketing တတ်တယ်
tool မသိပေမယ့် game ကို နားလည်တယ်
Tool တတ်ပေမယ့် game မနားလည်တဲ့ သူက
Funnel ဆောက်ထားပေမယ့် ဘယ်သူမှ မဝင်ဘူး
Copy ရေးထားပေမယ့် ဘယ်သူမှ စိတ်မဝင်စားဘူး
Ads ပြထားပေမယ့် ဘယ်သူမှ click မလုပ်ဘူး
ဘာကြောင့်လဲ —
လူကို နားမလည်လို့။
— ဘယ်လို တူလဲ —
Social game မှာ —
လူတွေ ဘာ ခံစားနေလဲ ဖတ်ရတယ်
Marketing မှာ —
ဖောက်သည် ဘာ ခံစားနေလဲ ဖတ်ရတယ်
တူတူပဲ။
Social game မှာ —
ဘာ ပြောလဲ ထက် ဘယ်လို ပြောလဲ အရေးကြီးတယ်
Marketing မှာ —
ဘာ ရောင်းလဲ ထက် ဘယ်လို ရောင်းလဲ အရေးကြီးတယ်
တူတူပဲ။
Social game မှာ —
trust မရှိရင် ဘာမှ မဖြစ်ဘူး
Marketing မှာ —
trust မရှိရင် ဘာမှ မရောင်းရဘူး
တူတူပဲ။
Game တစ်ခုတည်း
ကွင်းကွာတယ်
လူနဲ့ လူ ကြားထဲ ကစားတာ social game
လူနဲ့ ဖောက်သည် ကြားထဲ ကစားတာ marketing
ကွင်း ကွာပေမယ့် rule တူတယ်။
— Social Game ရဲ့ Skill တစ်ခုချင်းစီ Marketing မှာ ဘယ်လို အလုပ်လုပ်လဲ —
— ၁ — လူ ဖတ်တတ်ခြင်း = Market Research —
Social game မှာ
လူတစ်ယောက်ကို ကြည့်ရုံနဲ့
သူ ဘာ လိုချင်လဲ
ဘာ ကြောက်နေလဲ
ဘာ တန်ဖိုးထားလဲ
ဖတ်တတ်ရတယ်
Marketing မှာ
ဖောက်သည်ကို ကြည့်ရုံနဲ့
သူ ဘာ pain point ရှိလဲ
ဘာ ရှာနေလဲ
ဘာကို ကြောက်နေလဲ
ဖတ်တတ်ရတယ်
ဒါ market research ဖြစ်တယ်
ဒါပေမယ့် survey form နဲ့ လုပ်တာ မဟုတ်ဘူး
လူကို ဖတ်တတ်တဲ့ မျက်စိ နဲ့ လုပ်တာ
Social game တတ်တဲ့ သူက
ဖောက်သည် DM တစ်ခု ဖတ်ရုံနဲ့
comment တစ်ခု ကြည့်ရုံနဲ့
objection တစ်ခု ကြားရုံနဲ့
ဒီ နောက်ကွယ်မှာ ဘာ ရှိလဲ ဖတ်တတ်တယ်
ဒါ signal reading ဖြစ်တယ်
ဒါ social game skill ကနေ marketing ထဲ ကူးလာတာ ဖြစ်တယ်။
— ၂ — ပြောပုံ ပြောနည်း = Copywriting —
Social game မှာ
တူညီတဲ့ အရာကို
ပြောပုံ ကွာရုံနဲ့
ရလဒ် လုံးဝ ကွာသွားတယ်
“ဒါ မှားတယ်” ပြောရင် — ခုခံမှု ရတယ်
“ဒါ ဒီလို ကြည့်ရင် ကောင်းမလား” ပြောရင် — လက်ခံမှု ရတယ်
Marketing မှာ
ဒါ copywriting ဖြစ်တယ်
“ငါ့ ပစ္စည်း ဝယ်ပါ” — pushing
“ဒီ ပစ္စည်းက ကိုယ့် ပြဿနာ ဖြေရှင်းပေးတယ်” — pulling
တူညီတဲ့ ပစ္စည်း
ကွာခြားတဲ့ ပြောပုံ
ကွာခြားတဲ့ ရလဒ်
Social game မှာ framing တတ်တဲ့ သူက
copywriting ကို သဘာဝကျကျ တတ်တယ်
သီးသန့် သင်စရာ မလိုဘူး
ဘာကြောင့်လဲ ဆိုတော့
game တူလို့။
— ၃ — Trust တည်ဆောက်ခြင်း = Brand Building —
Social game မှာ
trust ရဖို့
ကတိ တည်ရတယ်
ပြောတာနဲ့ လုပ်တာ တူရတယ်
ညီညွတ်မှု ရှိရတယ်
Marketing မှာ
ဒါ brand building ဖြစ်တယ်
Brand ဆိုတာ logo မဟုတ်ဘူး
Brand ဆိုတာ ဖောက်သည် ကိုယ့်ကို ဘယ်လို ခံစားလဲ ဖြစ်တယ်
ကိုယ့် ဘက်က ညီညွတ်မှု ရှိရင်
content ညီညွတ်တယ်
message ညီညွတ်တယ်
experience ညီညွတ်တယ်
ဖောက်သည်က ကိုယ့်ကို ယုံတယ်
ယုံရင် ဝယ်တယ်
ဝယ်ပြီးရင် ပြန်လာတယ်
ပြန်လာရင် recommend လုပ်တယ်
ဒါ အကုန်လုံး trust ကနေ လာတယ်
Trust ကို social game မှာ တည်ဆောက်တတ်ရင်
marketing မှာ brand ကို တည်ဆောက်တတ်တယ်။
— ၄ — Influence = Conversion —
Social game မှာ
influence ဆိုတာ
အတင်းအကျပ် မလုပ်ဘဲ
တစ်ဖက်သား ကိုယ့် ဘက် လာအောင် လုပ်တတ်တာ
Marketing မှာ
ဒါ conversion ဖြစ်တယ်
ဖောက်သည်ကို
“ဝယ်ပါ ဝယ်ပါ” မပြောဘဲ
ကိုယ့်ဘာသာ ဝယ်ချင်လာအောင်
တည်ဆောက်တတ်တာ
ဒါ ဘယ်လို လုပ်လဲ —
Cialdini ရဲ့ influence principles ၆ ခု
social game မှာလည်း သုံးတယ်
marketing မှာလည်း သုံးတယ်
Reciprocity — အရင်ပေးရင် ပြန်ရတယ်
Social game — ကူညီရင် ကူညီပြန်ခံရတယ်
Marketing — free value ပေးရင် ဖောက်သည် ဝယ်ချင်လာတယ်
Social proof — လူတွေ လုပ်ရင် လိုက်လုပ်တတ်တယ်
Social game — အုပ်စုထဲ ဝင်ဆံ့ချင်ရင် အုပ်စု လုပ်တာ လိုက်လုပ်ရတယ်
Marketing — review ရှိ rating ရှိ ဖောက်သည်က ယုံတယ်
Scarcity — ရှားရင် တန်ဖိုးထားတယ်
Social game — နေရာတိုင်း မရှိတဲ့ သူကို ပိုတန်ဖိုးထားတယ်
Marketing — “နောက်ဆုံး ၃ ခု” ဆိုရင် ပိုဝယ်ချင်တယ်
Game တစ်ခုတည်း
ကွင်း ကွာရုံ။
— ၅ — Positioning = Market Positioning —
Social game မှာ
ကိုယ့်ကို ဘယ်လို position ချလဲ
ဘယ်သူ့နဲ့ ပေါင်းလဲ
ဘယ်လို ပြုမူလဲ
ဒါ လူတွေ ကိုယ့်ကို ဘယ်လို ကြည့်လဲ ဆုံးဖြတ်ပေးတယ်
Marketing မှာ
ကိုယ့် brand ကို ဘယ်လို position ချလဲ
ဘယ် market segment မှာ ရပ်လဲ
ဘယ်သူ့နဲ့ ယှဉ်လဲ
ဒါ ဖောက်သည် ကိုယ့်ကို ဘယ်လို ကြည့်လဲ ဆုံးဖြတ်ပေးတယ်
Social game: “ငါက ဒီ လူ” ပြတတ်ရင်
Marketing: “ငါ့ brand က ဒီ brand” ပြတတ်တယ်
Skill တူတူ
Application ကွာရုံ။
— ဒါဆိုရင် ဘာ လုပ်ရမလဲ —
Marketing ကို tool ကနေ မစပါနဲ့
လူ ကနေ စပါ
Funnel မဆောက်ခင်
“ငါ့ ဖောက်သည် ဘာ ခံစားနေလဲ” မေးပါ
Copy မရေးခင်
“ဒီ လူကို ဘယ်လို ပြောရင် နားဝင်မလဲ” မေးပါ
Ads မပြခင်
“ဒီ လူ ဘာ ကြောက်နေလဲ ဘာ လိုချင်နေလဲ” မေးပါ
ဒါတွေ မေးတတ်ရင်
tool ဘာမှ မသိပေမယ့်
marketing ရဲ့ ၈၀% ကို ဖြေရှင်းပြီးသားပါ
ကျန်တဲ့ ၂၀% က tool ဖြစ်တယ်
Tool ကို နောက်မှ သင်ယူလို့ ရတယ်
ဒါပေမယ့် လူကို နားလည်ခြင်း ဆိုတဲ့ foundation
ဒါ မရှိရင်
tool ဘယ်လောက် တတ်တတ်
ရလဒ် မထွက်ဘူး
ပထမဆုံး သင်ယူရမယ့် marketing skill က
Funnel မဟုတ်ဘူး
Copy မဟုတ်ဘူး
Ads မဟုတ်ဘူး
လူကို ဖတ်တတ်ခြင်း ဖြစ်တယ်
Social game တတ်ရင် marketing တတ်တယ်
ဒီ ၂ ခု ခွဲစရာ မလိုဘူး
ဒါ တူညီတဲ့ game ဖြစ်တယ်
ကွင်း ကွာရုံ
Rule တူတယ်
Game တူတယ်
လူကို နားလည်ခြင်း ဆိုတဲ့ game ကို
တတ်ပြီးရင်
ဘယ် ကွင်းမှာ ကစားကစား နိုင်တယ်။
Phyo Paing @ Derek