Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ဘဝသစ်ကို လိုချင်ရင် အဟောင်းတွေကိုလက်လွှတ်ရဲဖို့လိုနိုင်တယ်။

ဘဝဆိုတာ ကိုယ်ရှိနေတဲ့ ‘ပတ်ဝန်းကျင်’၊
ကိုယ်ပေါင်းနေတဲ့ ‘လူ’ နဲ့
ကိုယ်ဆုပ်ကိုင်ထားတဲ့ ‘အတွေးအခေါ်’ တွေရဲ့
ရလဒ်ပဲ။”

လူအများစုက သူတို့ဘဝကို
ပြောင်းလဲချင်ကြတယ်။
ငွေကြေးချမ်းသာချင်တယ်၊
စစ်မှန်တဲ့အချစ်ကို လိုချင်တယ်၊
ဂုဏ်ဒြပ်နဲ့ ငြိမ်းချမ်းတဲ့တရားကို ရှာဖွေကြတယ်။
ဒါပေမဲ့ ပြဿနာက နေရာဟောင်း၊
လူဟောင်း၊
အတွေးဟောင်းတွေထဲမှာပဲ
တဝဲလည်လည် လုပ်နေကြတာပဲ။

မျိုးစေ့တစ်ခုကို မြေဆီလွှာမကောင်းတဲ့ နေရာမှာ
ဘယ်လောက်ပဲ စိုက်စိုက် သီးပွင့်လာမှာ မဟုတ်ဘူး။

၁။ လူပြောင်း
မိတ်ဆွေကို တိုးတက်အောင်
တွန်းအားမပေးနိုင်တဲ့ ပတ်ဝန်းကျင်ကလူတွေကို
စွန့်ခွာရဲရမယ်။

၂။ နေရာပြောင်း
မိတ်ဆွေရဲ့ တန်ဖိုးကို မသိတဲ့နေရာမှာ
အချိန်ကုန်မခံပါနဲ့။

၃။ အိုင်ဒီယာပြောင်း
မနေ့က အတွေးအခေါ်က
ဒီနေ့အတွက် အဖြေမဟုတ်တော့ဘူး။

ဒီ သုံးခုကို ပြောင်းလဲလိုက်တာနဲ့
မိတ်ဆွေ လိုချင်နေတဲ့
ငွေ၊ အချစ်၊ ဂုဏ်၊ တရား ဆိုတာတွေက
အလိုအလျောက် ဆိုက်ဆိုက်မြိုက်မြိုက်
ရောက်လာပါလိမ့်မယ်။

ဘဝသစ်ကို လိုချင်ရင် အဟောင်းတွေကို
လက်လွှတ်ရဲဖို့လိုနိုင်တယ်။
ဒါဟာ သတ္တိရှိသူတွေပဲ ရနိုင်တဲ့ ဆုလာဘ်ပဲ။

Phyo Paing @ Derek

Share Your Idea!​