Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

Leverage က မိတ်ဆွေကိုအရှိန်အဟုန် မြှင့်တင်ပေးပါလိမ့်မယ်။

ဘာအလုပ်ပဲလုပ်လုပ်
နေ့စဥ်တိုးတက်မှုသေးသေးလေးတွေက
ရလဒ်အကြီးကြီးကိုဖြစ်စေပါတယ်။

အလုပ်လုပ်တဲ့အခါဖြစ်ဖြစ်၊
ငွေစုတဲ့အခါဖြစ်ဖြစ်၊
ပညာသင်ယူတဲ့အခါဖြစ်ဖြစ်
ဒီနေ့လုပ်လိုက်တဲ့ ၁ ရာခိုင်နှုန်း တိုးတက်မှုက
နောက်ရက်ပေါင်းများစွာ ကြာတဲ့အခါမှာ
မယုံနိုင်စရာကောင်းတဲ့ ရလဒ်တွေ
ဖြစ်လာတတ်တာမျိုးပေါ့။

ဒါပေမဲ့ ဒီထက်ပိုပြီး ကျွန်တော့်ရဲ့
ဘဝအတွေ့အကြုံအရရော၊
ကျွန်တော် လေ့လာမိသလောက်ရော
အရေးကြီးဆုံးလို့ ယူဆတဲ့
နောက်ထပ် concept တစ်ခုရှိပါတယ်။

အဲဒါကတော့ “Leverage”
(သက်သာသောအားဖြင့် အကျိုးများအောင်လုပ်ခြင်း) ပဲ
ဖြစ်ပါတယ်။

ကျွန်တော် ဘာကြောင့် Leverage ကို
အလေးထားတာလဲဆိုတာ ရှင်းပြပါရစေ။

၁။ အချိန်ဆိုတာ ကန့်သတ်ချက်ရှိတယ်
မိတ်ဆွေမှာရော ကျွန်တော့်မှာရော
တစ်ရက်ကို ၂၄ နာရီပဲ ရှိပါတယ်။
မိတ်ဆွေက မိတ်ဆွေရဲ့ လုပ်အားတစ်ခုတည်းကိုပဲ
ရောင်းပြီး အလုပ်လုပ်နေမယ်ဆိုရင်
ရနိုင်တဲ့ ဝင်ငွေနဲ့ ရလဒ်က
အကန့်အသတ် ရှိနေပါလိမ့်မယ်။
ဒါကြောင့်
“ငွေရှိဖို့အတွက် လုပ်အားကိုပဲ
ရောင်းနေလို့မရဘူး” ဆိုတာပါပဲ။

၂။ Leverage အမျိုးအစား ၄ ခု
ကမ္ဘာကျော် ရင်းနှီးမြှုပ်နှံသူ
Naval Ravikant ပြောသလိုပါပဲ၊
ကျွန်တော်တို့မှာ သုံးလို့ရတဲ့ Leverage ၄ မျိုး ရှိပါတယ်။

Labor (လူအင်အား):
တခြားသူတွေကို ခန့်အပ်ပြီး အလုပ်လုပ်ခိုင်းတာ

Capital (ငွေကြေး):
ငွေကို အလုပ်လုပ်ခိုင်းတာ။

Code (နည်းပညာ):
Software တွေ၊ AI တွေ၊ system တွေ သုံးပြီး
လူမပါဘဲ အလုပ်ဖြစ်အောင် လုပ်တာ

Media (မီဒီယာ):
ကျွန်တော်တို့ အခု လုပ်နေတဲ့ content တွေ၊ ဗီဒီယိုတွေ။
မိတ်ဆွေ အိပ်နေချိန်မှာတောင်
မိတ်ဆွေရဲ့ ဗီဒီယိုက လူထောင်ပေါင်းများစွာကို
စကားပြောနေပေးတာမျိုးပါ။

၃။ အိုင်ဒီယာနဲ့ နေရာကို ပြောင်းလဲခြင်း

ကျွန်တော် အမြဲယုံကြည်တာ နောက်တစ်ခုရှိပါတယ်။
ကိုယ်နဲ့ တွေ့နေတဲ့ လူ၊ နေရာ၊ အိုင်ဒီယာကို ပြောင်းမှသာ
ကိုယ်လိုချင်တဲ့ ငွေ၊ အချစ်၊ ဂုဏ်၊ တရား ဆိုတဲ့
အရာတွေကို ရနိုင်မှာပါ။
Leverage ရှိတဲ့ အိုင်ဒီယာအသစ်တွေကို
လက်ခံနိုင်ဖို့က အရေးကြီးပါတယ်။

မိတ်ဆွေရဲ့ လက်ရှိဘဝမှာ
အချိန်နဲ့ လုပ်အားကိုပဲ သုံးနေရတာလား၊
ဒါမှမဟုတ် တစ်ခုခုကို Leverage လုပ်ပြီး
(ဥပမာ- နည်းပညာ ဒါမှမဟုတ် စနစ်တစ်ခုခုကို သုံးပြီး)
အားစိုက်ထုတ်မှု နည်းနည်းနဲ့ ရလဒ်အများကြီး
ထွက်အောင် လုပ်နေပြီလားဆိုတာ
ပြန်ဆန်းစစ်ကြည့်ပါ။

ဘဝမှာ မြန်မြန်ဆန်ဆန်နဲ့ ထိထိရောက်ရောက်
ပြောင်းလဲချင်ရင် Compounding က မိတ်ဆွေကို ခိုင်မာစေပြီး
Leverage က မိတ်ဆွေကို
အရှိန်အဟုန် မြှင့်တင်ပေးပါလိမ့်မယ်။

Phyo Paing @ Derek

Share Your Idea!​