ကိုယ့်ကို ယုံကြည်လို့
အားပေးခဲ့သူတွေ
ဘယ်တော့မှ နောင်တမရစေရဘူး။
ဒါကတော့အမြဲထားတဲ့ စိတ်ထားပဲ။
ဥပမာ အမေအနေနဲ့
၁၀ တန်းအဆောင်ပို့ပေးတယ်။
သူ့အတွက် ရင်းထားတာထက်
အကောင်းဆုံးပြန်ရပေးနိုင်ရမယ်။
ကိုယ့်ကို လူမှန်သိတတ်အောင်မွေးခဲ့တယ်။
ဘာတွေ ဘယ်လောက်ပဲလုပ်လုပ်
သူ့အတွက် သေတဲ့အထိ
ကြည့်ပေးရမည့်တာဝန်ရှိတယ်။
အလားတူပဲ ကိုယ့်အပေါ်မှာ
ယုံကြည်တဲ့သူတိုင်းကို
အကောင်းဆုံးပြန်ပေးမယ်ဆိုတဲ့စိတ်ကတော့
ငယ်ငယ်တည်းကပဲ။
ကိုယ်နဲ့စီးပွားရေးလုပ်လိုက်လို့
မရှုံးစေရဘူး။
ဝန်ထမ်းတွေ၊ ပါတနာတွေ၊
မိသားစု၊ ဖောက်သည်အကုန်ပဲ။
ဘဝဆိုတာ သေတဲ့အထိ
ကစားရမည့် ဂိမ်းတစ်ခုပဲလေ။
ဗုဒ္ဓဘာသာအရဆို
သံသရာတစ်ခုလုံးကစားရမှာ။
ဘာလုပ်လုပ် အကောင်းဆုံး
ပြန်ပေးခဲ့ဖို့လိုတယ်လို့ထင်တယ်။
ဒါက ပါရမီပေါ့။
ကိုယ်ကောင်းရင်
ကိုယ့်ဘေးနားကောင်းတဲ့သူတွေနဲ့
ဝန်းရံနေမှာပဲ။
Phyo Paing @ Derek