Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

Mind Your Own Business

ဘဝမှာ ဒူနေ၊ ဘူနေတာ
အမုန်းဆုံးပဲ။

ကိုယ်လဲ အရင်က ဒူတယ်။
တော်တော်လေးလဲ ဘူတယ်။

ပထမဆုံးဒူကိုကျော်လွှားဖို့
ဦးနှောက်ကောင်းဖို့နည်းလမ်းရှာတယ်။
မှတ်ဥာဏ်ကောင်းအောင်ဘယ်လိုလုပ်မလဲ၊
ဦးနှောက်ကို စဥ်းစားတာမြန်အောင်ဘယ်လိုလုပ်မလဲ
နည်းလမ်းတွေရှာ
လေ့ကျင့်မှုတွေလုပ်တယ်။
လူရှေ့သူရှေ့စကားထွက်ပြောခြင်း
သင်တန်းတွေတက်တယ်။
ကိုယ်တိုင်လဲ အခွင့်အခါသင့်တိုင်း
လူရှေ့ထွက်စကားပြောကြည့်တယ်။

နေ့စဥ်စာဖတ်တယ်။
မေးခွန်းတွေမေးတယ်။
အဖြေတွေရှာတယ်။
ဒူတာနည်းလာတယ်။

ဘူတာကို ကျော်လွှားဖို့က
အပြစ်မတင်ဘဲ အဖြေရှာတယ်။
ဘဝမှာ ထိန်းချုပ်လို့မရတဲ့ “ကံ”ရှိတယ်။
ထိန်းချုပ်လို့ရတဲ့ “ကံ” ရှိတယ်။
ထိန်းချုပ်လို့ရတဲ့ “ကံ” က အလုပ်။
အဲ့တော့ MYOB လုပ်တယ်။
Mind Your Own Business
အားရင်အများဆုံးစဥ်းစားတာ
ကိုယ့်အကြောင်း။
ဘာဆက်လုပ်မလဲ၊
ကိုယ်ဘယ်လိုစဥ်းစားလဲ၊
မနက်ဖြန်ကို ဒီနေ့ထက်ပိုကောင်းအောင်
ဘယ်လိုလုပ်မလဲ။
လုပ်မိတဲ့အမှားတွေကို
ကိုယ့်ကိုကိုယ် ခွင့်လွတ်တယ်။
သင်ခန်းစာယူတယ်။

ကိုယ်နဲ့တွေ့တဲ့ လူတွေ၊
နေရာတွေ၊ အိုင်ဒီယာတွေကို
ဂရုစိုက်ရွေးချယ်တယ်။

ဘူကောင်၊ ဘူနေရာ၊ ဘူအိုင်ဒီယာကို
ရှောင်တယ်။

ဒီနည်းနဲ့ ဒူတာနဲ့ ဘူတာကို
တဖြည်းဖြည်းကျော်လွှားလာခဲ့တယ်။

Phyo Paing @ Derek

Share Your Idea!​