Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

မကျေနပ်ချက်တွေနဲ့ကြီးလာတဲ့လူတွေက
လူတောမတိုးဘူး။

မကျေနပ်ချက်တွေနဲ့ကြီးလာတဲ့လူတွေက
လူတောမတိုးဘူး။

ဥပမာ ငယ်ငယ်က ကိုယ်တိုင်ပဲဖြစ်ခဲ့တယ်။

အိမ်မှာ ညှင်းဆဲမှုတွေကြား
မကျေနပ်ချက်တွေများတဲ့အခါ
ကျောင်းမှာလဲ ဒါကလာသက်ရောက်မှုရှိတယ်။ 
လူတွေနဲ့ အဆင်မပြေဘူး။
antisocial လိုဖြစ်လာတယ်။
ကျောင်းပြေး၊ ရန်ဖြစ်၊
လူတွေနဲ့ အဆင်မပြေ။
ခင်တဲ့သူငယ်ချင်း တစ်ယောက်၊ နှစ်ယောက်ပဲရှိ။

လောကကြီးလည်ပတ်နေတာကြီးက
ဟုတ်မနေဘူးလို့စဥ်းစား။

အဲ့လိုလူတွေက အသက်ကြီးလာတဲ့အခါ
Institution အဖွဲ့အစည်းတွေကို မယုံတာ၊
စနစ်နဲ့ အစဥ်အလာတွေကိုလိုက်နာရမှာ
မလုပ်ချင်ဘူး။

သမရိုးမကျမဟုတ်တဲ့ဘဝ၊ အလုပ်
ဖြတ်သန်းချင်တယ်။

အတွေးအခေါ်ကလဲ အများနဲ့မတူတဲ့အခါ
နည်းနည်းအံဝင်ဖို့ ခက်တတ်တယ်။

လူအများစုလုပ်နေတာကို အပိုလို့ထင်နေတတ်သလို
လူတွေကလဲ ကိုယ်ဘာလုပ်နေလဲမသိဘူး။

Hacker လိုမျိုး စနစ်ယိုပေါက်ကိုကြည့်
ဒါကို အသုံးချ အဲ့လိုလူတွေဖြစ်လာတတ်တယ်။

လူတွေရဲ့လောကအမြင်က
မိဘဘိုးဘေးရဲ့ မျိုးရိုးဗီဇ၊
ဘဝဖြတ်သန်းလာမှု၊
သင်ယူလေ့လာမှု၊
အပေါင်းအသင်းအသိုင်းအဝိုင်း
ဒီပေါ်မူတည်ပြီးဖြစ်လာတယ်။

ဒီ program ပရိုဂရမ်ကိုပြောင်းလို့ရတယ်။
ဖက်တွယ်ပြီး အကောင်းဆုံးသုံးလို့ရတယ်။

တခါတလေ အရာရာပိုကောင်းဖို့
ဖြစ်လာတာလို့ကြည့်ရင်
ဘဝရဲ့ပေးထားချက်တွေကို တွေ့လာမယ်။

Phyo Paing @ Derek

Share Your Idea!​