Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

Outer Game ကိုလည်း Level Up လုပ်။
Inner Game ကိုလည်း Level Up လုပ်။

တစ်ကမ္ဘာတည်းမှာ နေကြပေမယ့်
နေထိုင်နေတဲ့ ကမ္ဘာတွေ မတူကြဘူး။

လူနှစ်ယောက်က
တစ်မြို့တည်းမှာ နေနိုင်တယ်။

ဒါပေမယ့်
သူတို့မြင်နေရတဲ့ ကမ္ဘာက မတူဘူး။

တစ်ယောက်အတွက်
ပိုက်ဆံ ၁၀ သိန်းက တစ်လစာဝင်ငွေဖြစ်နိုင်တယ်။

တစ်ယောက်အတွက်
ညစာတစ်နပ်ဖိုး ဖြစ်နိုင်တယ်။

တစ်ယောက်အတွက်
နိုင်ငံခြားသွားတာက ဘဝရဲ့အိပ်မက်။

တစ်ယောက်အတွက်တော့
Weekend trip တစ်ခုပဲ။

ဒါက Economic Layer မတူတာ။

ဒါပေမယ့် ပိုစိတ်ဝင်စားစရာက
ပိုက်ဆံရှိတာ၊ မရှိတာထက် ပိုနက်တယ်။

Mental Layer တွေလည်း မတူကြဘူး။

အဖြစ်အပျက်တစ်ခုတည်းကို
လူနှစ်ယောက် ကြုံရတယ်။

တစ်ယောက်က ဒေါသထွက်တယ်။
တစ်ယောက်က သင်ခန်းစာယူတယ်။

တစ်ယောက်က ပြိုင်ဆိုင်ချင်တယ်။
တစ်ယောက်က ဂရုတောင်မစိုက်ဘူး။

တစ်ယောက်က လူတွေဘာပြောမလဲဆိုတာနဲ့
တစ်နေ့လုံး စိတ်ပင်ပန်းနေတယ်။

တစ်ယောက်ကတော့
ကိုယ်ထိန်းချုပ်လို့မရတဲ့အရာကို
လွှတ်ချလိုက်နိုင်တယ်။

ဦးနှောက်ရဲ့ အလုပ်လုပ်ပုံ၊
အရာတွေကို အဓိပ္ပာယ်ဖွင့်ဆိုပုံ၊
ကိုယ့်စိတ်ကို ကိုယ်ထိန်းချုပ်နိုင်မှုအပေါ်မူတည်ပြီး
ပျော်ရွှင်မှု၊ ကျေနပ်မှုနဲ့ အေးချမ်းမှုတွေ မတူကြဘူး။

ဒါကြောင့် ဘဝမှာ Layer နှစ်ခုရှိတယ်လို့ မြင်တယ်။

Outer Game ရှိတယ်။

Money.
Business.
Status.
Power.
Network.
Freedom.

ပြီးတော့

Inner Game ရှိတယ်။

Mind.
Emotion.
Meaning.
Awareness.
Peace.

Outer Game မှာ နိုင်ပြီး
Inner Game မှာ ရှုံးနေရင်
ပိုက်ဆံအများကြီးရှိပေမယ့်
တစ်ညလုံး အိပ်မပျော်နိုင်ဘူး။

လူသိများပေမယ့်
လူတွေဘာပြောမလဲဆိုတာကို ကြောက်နေရတယ်။

အောင်မြင်နေပေမယ့်
အမြဲတမ်း တစ်ယောက်ယောက်နဲ့ နှိုင်းယှဉ်နေရတယ်။

ဒါဆို ဘယ်သူက တကယ်ချမ်းသာတာလဲ။

We live on the same planet.
But we don’t live in the same world.

လူတစ်ယောက်ရဲ့ ဘဝအလွှာကိုသတ်မှတ်တာ
သူ့အပြင်ကမ္ဘာ ဘယ်လောက်ချမ်းသာလဲဆိုတာနဲ့အတူ
သူ့အတွင်းကမ္ဘာ ဘယ်လောက်အေးချမ်းလဲဆိုတာလည်း ပါတယ်။

Phyo Paing @ Derek

Share Your Idea!​