ကိုယ့်ကိုကိုယ် အမြဲပြန်စဉ်းစားမိတာတစ်ခုက
ငါ ဘာ တန်ဖိုးရှိလဲ။
ဘယ်သူတွေအတွက်လဲ။
ဘယ်လို တန်ဖိုးရှိသလဲ။
သူများတော့မသိဘူး
ကိုယ့်ဘဝအတွက်က
လူဖြစ်ကြောင်း လူရာဝင်ဖို့
အသုံးဝင်ဖို့လိုတယ်။
အဒေါ်ခိုင်းတာလုပ်နိုင်ရင်
အဒေါ်နဲ့အဆင်ပြေတယ်။
ဦးလေးရဲ့အောင်မြင်မှုတွေနားထောင်
ချီးကျူးပေးနိုင်ရင်လဲ သူ့အိမ်နေရတာအဆင်ပြေတယ်။
အသုံးဝင်ရင် လူတွေခေါ်ချင်ပြောချင်တယ်။
အသုံးမဝင်ရင် လူတွေဂရုမစိုက်ချင်ဘူး။
ဒီတော့ ကိုယ့်အတွက် ကိုယ်အသုံးဝင်ဖို့
အရင်လုပ်ဆောင်ရတယ်။
ပြီးတော့ အနီးဆုံးသူတွေနဲ့ တခြားသူတွေအတွက်။
လူတချို့ရဲ့ ပြဿနာကိုဖြေရှင်းပေးနိုင်ရင်
အသုံးဝင်သလို၊
လူတချို့လိုချင်တာကိုရအောင်ကူညီပေးနိုင်ရင်
အသုံးဝင်တယ်။
ပထမဆုံး ကိုယ့်ပြဿနာကိုယ်ဖြေရှင်း
ကိုယ့်ကိုကိုယ် အသုံးဝင်အောင်လုပ်ရင်း
ကိုယ်လိုလူတွေအတွက်
အသုံးဝင်အောင်လုပ်လိုက်ကြည့်တယ်။
V x L x S = Wealth
ကျွန်တော့်ရဲ့ ဖော်မြူလာတစ်ခု။
အသုံးဝင်မှု x နည်းနည်းလုပ်များများရ x ချဲ့ထွင်နိုင်ဝင် = ကြွယ်ဝမှု
Value x Leverage x Scalability = Wealth
ပိုက်ဆံရှိတဲ့သူတွေအတွက်
အသုံးဝင်ရင် ပိုက်ဆံရှာရလွယ်မယ်။
မေတ္တာရှိတဲ့သူတွေအတွက်
အသုံးဝင်ရင် မေတ္တာရှာရလွယ်မယ်။
Phyo Paing @ Derek