အသိဥာဏ်နည်းလေ
လွမ်းမိုးရလွယ်လေ။
ဥာဏ်ကောင်းဖို့ နိုးဆွဖို့လိုတယ်။
ဥာဏ်ကို ပညာနဲ့ နှိုးဆွတယ်။
ဥာဏ်ကို အတွေ့အကြုံနဲ့နှိုးဆွတယ်။
ပညာကို အမြင်၊ အကြား၊ အထိအတွေ့နဲ့ လေ့လာလို့ရတယ်။
အတွေ့အကြုံကို လူတွေက လေ့လာလို့ရတယ်။
အမြင်ကို စာအုပ်
အကြားကို podcast အသံဖိုင်
အမြင်အကြားကို ဗီဒီယို
အထိအတွေ့ကို စာသင်ခန်း၊ လက်တွေ့ဆန်းသပ်မှုက
လေ့လာလို့ရတယ်။
လူတွေမှာ ဆရာ၊ လက်ထောက်၊ ပြိုင်ဖက်၊ သူငယ်ချင်းကလေ့လာလို့ရတယ်။
ဒါတွေအကုန်လုံးကိုပေါင်းပြီး
ကျောင်း၊ တက္ကသိုလ်ဆိုပြီးလူတွေကဖန်တီးတယ်။
ကျောင်းကောင်းတွေက ဥာဏ်ထက်စေတယ်။
ကျောင်းဆိုးတွေက ဥာဏ်ပျက်စေတယ်။
ကျောင်းသာမာန်က သာမာန်ဖြစ်စေတယ်။
အကောင်းဆုံးကျောင်းကတော့
ဘဝရဲ့စာသင်ကျောင်းပါ။
အမြဲသင်ယူနေရင်
အမြဲဥာဏ်ရည်တိုးတက်နေမှာဖြစ်ပါတယ်။
ဥာဏ်ရည်နည်း လွှမ်းမိုးခံရင်
ကျွန်ပြုခံရတယ်။
အတိတ်တုန်းကလဲ ကိုလိုနီနယ်ချဲ့
ကျွန်ပြုခံရတယ်။
ဒါက ထားလိုက်တော့။
အခုချိန်ထိ လွှမ်းမိုးခံ
အာရုံတွေ ကျွန်ပြုခံထားရရင်တော့
ကိုယ်နဲ့ အနည်းနဲ့အများတော့
ဆိုင်နိုင်တယ်။
Phyo Paing @ Derek