Noise တွေကိုဖယ်မှ
Voice တွေကို ကြားမယ်။
ဒီဆူညံသံ noise တွေကိုဖယ်ဖို့
ငြိမ်ဖို့လိုတယ်။
မယုတ်မာပဲ ရိုးသားဖို့လိုတယ်။
လူတွေကို အကျိုးပြုဖို့လိုတယ်။
Intuition လို့ပဲခေါ်ခေါ်၊
Voice လို့ပဲခေါ်ခေါ်
အသံတစ်ချက်က
ဘဝကြီးကို ပြောင်းလဲပြစ်နိုင်တယ်။
ဒါက ယုတ္တိမကျဘူး။
ဒါပေမယ့် ဘဝပြောင်းတယ်။
၂၀၁၄ ဖေဖော်ဝါရီလဆန်းမှာ
၂၆ လမ်း၊ လမ်း ၈၀ ထောင့်
မိးပွိုင့်စောင့်နေရင်း
အလုပ်ထွက်လိုက်တော့ဆိုတဲ့
အသံတစ်သံ ခေါင်းထဲဝင်လာတယ်။
အဲ့နေ့ပဲ ရုံးရောက်တော့
Resign တင်လိုက်တယ်။
ဂျပန်သွားရမည့်ခရီးစဉ်ကိုမလိုက်တော့ဘူး။
ဒီဆုံးဖြတ်ချက်က ဘဝအပြောင်းအလဲပဲ။
၂၀၂၀ တုန်းကလဲ တရားထိုင်နေရင်း
အဲ့လို မက်ဆေ့တစ်ခု။
ညနေကျ ချက်ချင်းလုပ်တယ်။
ဘဝက လူသစ်တစ်ယောက်လို
အပြောင်းအလဲဖြစ်သွားတယ်။
၂၀၂၂ ဒီဇင်ဘာလောက်ကတစ်ခါ။
၂၀၂၃ ဂျွန်လလောက်မှာလဲအဲ့လို။
၂၀၂၆ စက်တင်ဘာ ၆ ရက်နေ့ကတစ်ခါ။
သူများတော့မသိဘူး။
ကိုယ့်ဘဝမှာ intuition လို့ပြောပြော
တချို့ Universe လို့ပြောပြော
အဲ့မက်ဆေ့တွေက
ဘဝကို အပြောင်းအလဲ အကြီးအကျယ်ဖြစ်စေတယ်။
ရူးကြောင်ကြောင်နိုင်လိမ့်မယ်။
ကျွန်တော့်လို logic နဲ့ပဲသွားတဲ့သူအတွက်
ယုတ္တိနဲ့ဖီဆန်တဲ့အရာ
ဒီလိုမက်ဆေ့တွေရပြီး ဘဝအပြောင်းအလဲဖြစ်တယ်။
Phyo Paing @ Derek