ဘဝသစ်တစ်ခုကို သွားချင်ရင်
အတိတ်က ဒဏ်ရာတွေကို နေ့တိုင်း သယ်သွားလို့မရဘူး။
တချို့အရာတွေကို
မေ့ပစ်ဖို့ မလိုဘူး။
မှန်တယ်လို့လည်း
လက်ခံပေးဖို့ မလိုဘူး။
ဒါပေမယ့်
ကိုယ့်ဘဝကို ဆက်ပြီးထိန်းချုပ်ခွင့်
မပေးတော့ဖို့လိုတယ်။
ဒီ ၁၂ ခုကို
တဖြည်းဖြည်း ခွင့်လွှတ်ပြီး Healing လုပ်ကြည့်ပါ။
၁။ ကိုယ့်မိဘကို ခွင့်လွှတ်ပါ။
သူတို့မပေးနိုင်ခဲ့တဲ့ အချစ်၊
နားလည်မှု၊ လုံခြုံမှုတွေရှိနိုင်တယ်။
သူတို့လည်း သူတို့သိသလောက်၊
သူတို့ရဲ့ဒဏ်ရာတွေနဲ့
အသက်ရှင်ခဲ့ကြတာ ဖြစ်နိုင်တယ်။
၂။ ကိုယ့်ငယ်ဘဝကို ခွင့်လွှတ်ပါ။
ကိုယ်ရွေးချယ်လို့မရခဲ့တဲ့
ပတ်ဝန်းကျင်တွေရှိတယ်။
အတိတ်ကို ပြန်မရွေးနိုင်ပေမယ့်
ဒီနေ့ဘယ်လိုနေမလဲကိုတော့
ပြန်ရွေးလို့ရတယ်။
၃။ ကိုယ့်ကိုနာကျင်စေခဲ့တဲ့သူတွေကို ခွင့်လွှတ်ပါ။
ခွင့်လွှတ်တယ်ဆိုတာ
သူတို့လုပ်ခဲ့တာ မှန်တယ်လို့ပြောတာမဟုတ်ဘူး။
သူတို့လုပ်ခဲ့တာကို
ကိုယ့်စိတ်ထဲမှာ ဆက်ပြီး
နေရာပေးမထားတော့တာ။
၄။ ကိုယ့်ကိုစွန့်ခွာခဲ့တဲ့သူတွေကို ခွင့်လွှတ်ပါ။
လူတိုင်း ကိုယ့်ဘဝထဲ
အမြဲရှိနေဖို့မလာဘူး။
တချို့က ခရီးတစ်ပိုင်းအတွက်ပဲလာတယ်။
၅။ ကိုယ့်ကိုသစ္စာဖောက်ခဲ့တဲ့သူတွေကို ခွင့်လွှတ်ပါ။
သစ္စာဖောက်ခံရတာက
ဒဏ်ရာဖြစ်နိုင်တယ်။
ဒါပေမယ့်
အဲ့ဒီဒဏ်ရာကြောင့်
နောက်လူတိုင်းကို မယုံနိုင်တော့တာက
ကိုယ့်အနာဂတ်ကိုပါ ပေးဆပ်နေရတာ။
၆။ ကိုယ်ချစ်ခဲ့ပေမယ့် မရခဲ့တဲ့သူကို ခွင့်လွှတ်ပါ။
ချစ်တာတိုင်း
ပိုင်ဆိုင်ရမယ်လို့ မဆိုလိုဘူး။
တချို့အချစ်တွေက
အတူနေဖို့မဟုတ်ဘဲ
ကိုယ့်ကို တစ်ခုခုသင်ပေးဖို့ ရောက်လာတာလည်းရှိတယ်။
၇။ ကိုယ်လုပ်ခဲ့တဲ့ အမှားတွေကို ခွင့်လွှတ်ပါ။
“ငါမှားခဲ့တယ်” နဲ့
“ငါဟာ အမှားတစ်ခုပါ” မတူဘူး။
အမှားက သင်ခန်းစာဖြစ်ရမယ်။
Identity မဖြစ်စေနဲ့။
၈။ အခွင့်အရေးလက်လွတ်ခဲ့တဲ့ ကိုယ့်ကိုယ်ကို ခွင့်လွှတ်ပါ။
အဲ့ဒီအချိန်က
ဒီနေ့သိထားသလောက် မသိခဲ့ဘူး။
ဒီနေ့ရဲ့ပညာနဲ့
မနေ့က ကိုယ့်ကို ပြန်မစီရင်နဲ့။
၉။ ကိုယ့်ခန္ဓာကိုယ်ကို ခွင့်လွှတ်ပါ။
မလှလို့၊
မကြံ့ခိုင်လို့၊
အသက်ကြီးလာလို့
ကိုယ့်ခန္ဓာကိုယ်ကို မမုန်းနဲ့။
ဒီခန္ဓာကိုယ်ကပဲ
မိတ်ဆွေကို ဒီနေ့အထိ
သယ်လာပေးခဲ့တာ။
၁၀။ ကိုယ့်အရင် Version ကို ခွင့်လွှတ်ပါ။
အရင်က မသိခဲ့ဘူး။
အရင်က ကြောက်ခဲ့တယ်။
အရင်က မှားခဲ့တယ်။
အဲ့ဒီ Version ကို မုန်းနေရင်
ကိုယ်ဘယ်လောက်ပြောင်းလာပြီလဲ
မမြင်နိုင်တော့ဘူး။
၁၁။ ဘဝကို ခွင့်လွှတ်ပါ။
“ငါ့ဘဝ ဒီလိုမဖြစ်သင့်ဘူး”
ဆိုတဲ့ စိတ်ကို လွှတ်ချကြည့်ပါ။
ဘဝက ကိုယ့် Plan အတိုင်း
အမြဲမဖြစ်ဘူး။
ဖြစ်ပြီးသား Reality နဲ့
နေ့တိုင်းရန်ဖြစ်နေရင်
ပင်ပန်းတာ ကိုယ်ပဲ။
၁၂။ နောက်ဆုံး ကိုယ့်ကိုယ်ကို ခွင့်လွှတ်ပါ။
လူမှားရွေးခဲ့တာ။
အချိန်ဖြုန်းခဲ့တာ။
ပြောမိခဲ့တာ။
မပြောခဲ့မိတာ။
လုပ်ခဲ့တာ။
မလုပ်ခဲ့မိတာ။
အကုန်လုံးကို သင်ခန်းစာယူပြီး
ကိုယ့်ကိုယ်ကို ပြန်လွှတ်ပေးပါ။
Healing ဆိုတာ
အတိတ်ကို ဖျက်ပစ်တာမဟုတ်ဘူး။
အတိတ်ကို ပြန်စဉ်းစားမိတိုင်း
ပစ္စုပ္ပန်က ကိုယ့်ကို မနာကျင်တော့အောင်
တဖြည်းဖြည်း ပြန်တည်ဆောက်တာ။
Master Your Flow လုပ်ချင်ရင်
အသစ်တွေ ထပ်ထည့်နေရုံနဲ့ မရဘူး။
တချို့အရာတွေကို
လွှတ်ချဖို့လည်းလိုတယ်။
အတွေးဟောင်း။
ဒဏ်ရာဟောင်း။
အပြစ်ရှိစိတ်ဟောင်း။
မုန်းတီးမှုဟောင်း။
ကိုယ့် Version အဟောင်း။
Flow ပိတ်နေတာက
ရှေ့မှာ လမ်းမရှိလို့ မဟုတ်ဘူး။
တခါတလေ
နောက်က အရာတွေကို
ကိုင်ထားသေးလို့။**
ခွင့်လွှတ်ပါ။
သင်ခန်းစာယူပါ။
လွှတ်ချပါ။
ပြီးရင် ဆက်စီးဆင်းပါ။
Heal. Let go. Master Your Flow.
Phyo Paing @ Derek