တခါတလေ ကိုယ့်ဘဝ
တိုးတက်အောင်မြင်ဖို့
ရုန်းထွက်ဖို့လိုတာ
ကိုယ့်ရဲ့ မွေးရာပါမိသားစုဖြစ်နိုင်တယ်။
ဘာကြောင့်လဲဆို
ကိုယ်က ပညာတတ်၊ ချမ်းသာ၊ အောင်မြင်တဲ့
အသိုင်းအဝိုင်းကဆို
အရာတော်တော်များများက
ကိုယ့်ဘဝအတွက် အထောက်အပံ့ဖြစ်ပေမယ့်
တိုင်ပတ်မှုအပေါင်း သရဖူဆောင်းတဲ့
အသိုင်းအဝိုင်းကဆို
အရာရာက နွယ်ပင်တွေလိုပဲ။
ဒါကလဲ ကြုံဖူးမှ သိလိမ့်မယ်။
self-help တက်ကျမ်းဆိုတာ
ငပိန်းတွေအတွက်လို့ပြောတဲ့
rich kid တွေ၊
မေတ္တာအပြည့်နဲ့ကြီးလာတဲ့သူတချို့
နားလည်နိုင်မှာမဟုတ်ဘူး။
လူတိုင်းက သူ့မိဘကိုချစ်ကြတယ်။
မိဘတွေကလဲ သားသမီးတွေကိုချစ်မှာပဲ။
ချစ်ပုံချစ်နည်းမတူတတ်ကြဘူး။
ဒီအရှေ့တိုင်းမှာက
မိဘတွေက သားသမီးတွေကို
တစ်သက်လုံးကိုယ်ပိုင်တယ်ဆိုတဲ့
အယူအဆ ယဥ်ကျေးမှုနဲ့ကြီးလာတယ်။
တစ်ခုခုဆို အဆင်မပြေတဲ့သားသမီး၊
မိသားစုဝင်ရှိရင်
အဆင်ပြေတဲ့သားသမီးက
အစအစ အရာရာတာဝန်ယူရမယ်
ဒီလိုရှိတတ်တယ်။
တချို့ နိုင်ငံခြားမှာအလုပ်လုပ်တယ်။
ပြည်တွင်းမှာ အလုပ်ကိုကြိုးစားလုပ်တယ်။
ကိုယ်သန်မာတာကိုပြချင်တဲ့အတွက်
မိဘကို မငြီးငြူဘူး။
လိုသမျှလုပ်ပေးတယ်။
ဒါပေမယ့် မိဘအများစုယူဆတာ
သူအဆင်ပြေတယ်။
သူ့အတွက်လွယ်တယ်။
အများစုယူဆပြီး
ဒီထက်ပို တာဝန်ပေးချင်ကြသလို
ပေးလဲပေးကြတယ်။
မမျှတဘူးထင်ပေမယ့်
ကြိုးစားပေးဆပ်နေပြီး
ရင်ထဲမှာပဲ မြိုသိမ့်ထားတတ်ကြတဲ့
လူငယ်တွေမှ အများကြီး။
ဒါက ကိုယ့်နိုင်ငံမှာတင်မဟုတ်ဘူး၊
ထိုင်းယဥ်ကျေးမှုမှာကြည့်မယ်ဆိုရင်လဲ
တွေ့ရတယ်။
ရိုးရာယုံကြည်မှုအရ
ဒါကလုပ်ကိုလုပ်ရမယ့်
တန်ဖိုးထားမှုတစ်ခုလိုဖြစ်တယ်။
ဒါက အထူးသဖြင့် တိုင်ပတ်တဲ့
အသိုင်းအဝိုင်းတွေမှာ ပိုတွေ့ရတယ်။
ငါကြိုးစားလဲလွယ်မှာ မဟုတ်ဘူး။
Learning helplessness တွေကလာတယ်။
အမှန်တော့ လူတိုင်းမှာ
အကန့်အသတ် boundaries တွေလိုတယ်။
ကိုယ့်သားသမီးလက်ထက်မှာ
သူက ငါပိုင်တယ်ဆိုတဲ့စိတ်ကို
မွေးကတည်းက ဖျောက်ထားတယ်။
ငါပေးနိုင်သလောက်ပေးလိုက်မယ်။
သူ့ဘဝ သူ့အသက်အရွယ်ရောက်
သူ့ဖာသူ သူစိတ်ကြိုက်ဘဝကို
ထုဆစ်ပုံဖော် ပျံသန်းပါစေပဲစဥ်းစားမိတယ်။
တကယ်လို့ ကိုယ်က
မိသားစု အသိုင်းအဝိုင်း အကျဥ်းအကြပ်ထဲ
ရောက်နေတဲ့အခါ
အရာရာကို စည်းလေးထားလိုက်ပါ။
Boundaries ထားပါ။
အလွန်အကျွံမပေးဆပ်ပါနဲ့။
ဖြေးဖြေးပေးပါ။
ဒါပေးလိုက်လို့ အဆင်ပြေမယ်ထင်ပြီး
ပေးလိုက်လဲ အကုန်လုံးက
အစကနေ ပြန်ပေးရမှာဖြစ်ပါတယ်။
ငွေနဲ့ မမြဲတဲ့သူက အမြဲမမြဲဘူး။
ဘယ်သူမှ ဘယ်သူ့ကို
တစ်သက်လုံးမပိုင်ဘူး
ဒီစိတ်လေးထားတတ်တာက
တော်တော်လွယ်ကူစေတယ်။
ကိုယ့်ဘဝ ပြဿနာကိုယ်
ဒီနေ့နဲ့ အနာဂတ်အတွက်
အဖြေရှာထားဖို့လိုတယ်။
ရှိရင် မလွယ်နဲ့၊
မရှိရင် မလွယ်ဘူးဆိုတာလဲ
ကြားဖူးလိမ့်မယ်။
Phyo Paing @ Derek