ငွေရှာချင်ရင်
ကြိုးစားရုံနဲ့ မလုံလောက်ဘူး။
လူတွေကို စီမံနိုင်ဖို့လိုတယ်။
စျေးကွက်ကို နားလည်ဖို့လိုတယ်။
တစ်ယောက်တည်း ကြိုးစားပြီး
လုပ်ငန်းကြီးလာတာ မရှိဘူး။
ဝန်ထမ်းတွေကို
မှန်မှန်ကန်ကန် ခန့်နိုင်ဖို့၊
သင်ပေးနိုင်ဖို့၊
တာဝန်ပေးနိုင်ဖို့၊
စနစ်တကျ ဦးဆောင်နိုင်ဖို့ လိုတယ်။
ဒါက Leadership နဲ့ Management ပညာ။
တစ်ဖက်မှာလည်း
စျေးကွက်ကို မနားလည်ရင်
ဘယ်လောက်ကောင်းတဲ့ Product ဖြစ်ဖြစ်
ရောင်းဖို့ ခက်တယ်။
Customer ဘာလိုချင်လဲ။
ဘာပြဿနာကို ရင်ဆိုင်နေလဲ။
ဘာကြောင့် မဝယ်သေးတာလဲ။
ဘယ်လို စကားလုံးတွေကို တုံ့ပြန်လဲ။
ဒါတွေကို နားလည်ဖို့လိုတယ်။
ငွေဆိုတာ
လူတွေရဲ့ ပြဿနာကို
မှန်ကန်တဲ့နည်းလမ်းနဲ့
ဖြေရှင်းပေးနိုင်တဲ့သူဆီကို စီးသွားတာပါ။
ဒါကြောင့်
လုပ်ငန်းရှင်တစ်ယောက်အတွက်
အရေးကြီးတဲ့ ပညာနှစ်ခုက
၁။ လူကို စီမံခန့်ခွဲတဲ့ပညာ။
၂။ စျေးကွက်ကို နားလည်တဲ့ပညာ။
ဒီနှစ်ခု တတ်လာလေလေ
ဝင်ငွေတိုးလာလေလေပါပဲ။
Phyo Paing @ Derek