Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ကိုယ့်ရဲ့ပထမဦးစားပေးက

2023 ကစတင်ပြီး
ကိုယ့်ရဲ့ပထမဦးစားပေးက
ပိုက်ဆံပဲ။

အရင်တုန်းကလို
စေတနာတွေ
မေတ္တာတွေဖယ်ပြီး
ပြတ်ပြတ်သားသားပဲ
ကိုယ်နဲ့မကိုက်တဲ့အရာမလုပ်ဘူး။

ထူးဆန်းတာတစ်ခုက
ပိုက်ဆံကို တန်ဖိုးထားမှုမှာ
ထိပ်ဆုံးထားလိုက်တာ
ဘဝက ပိုအပြောင်းအလဲဖြစ်လာတယ်။

နေ့စဥ်နေ့လည်တစ်ခါ
ညတစ်ခါ ပိုက်ဆံနဲ့ပဲတိုင်းတာတယ်။

ဘယ်လုပ်ငန်းက
ဝင်ငွေဘယ်လောက်ရှိပြီလဲ
၁၂ တစ်ခါ
ည ၈ တစ်ခါ တစ်ချက်ကြည့်တယ်။

တချို့ ကိုယ်တိုင်မပါနေတဲ့လုပ်ငန်းတွေဆို
တစ်ပတ်တစ်ခါ။

ပိုက်ဆံကို ချစ်တယ်။
သုံးလဲသုံးတယ်။
ရှာလဲရှာတယ်။
မရှာဘဲ လာနိုင်အောင်လဲ
အမှတ်တံဆိပ်တည်ဆောက်တယ်။

ပိုက်ဆံကို ချစ်တာ
ပြဿနာမဟုတ်ဘူး။
ကိုယ်နဲ့မထိုက်တာကို
ရချင်တဲ့ မတော်လောဘကမှ ပြဿနာ။

ရှိရင်မလွယ်နဲ့
မရှိရင်မလွယ်ဘူးတဲ့။

ကျွန်တော်ကတော့
အချိန်ရှိတုန်းများများရှာ၊
မြန်မြန်ရှာ။
များလို့ မကောင်းဘူးဆိုတာမရှိဘူး။

ရှိရင် ကူညီချင်တဲ့သူကူညီပေးလို့ရတယ်။
မရှိရင် ကိုယ့်ကိုကိုယ်တောင်
ကူညီဖို့မလွယ်ဘူး။

ပိုက်ဆံက လေသံတွေကို
အပြောင်းအလဲဖြစ်စေတယ်။
ဆက်ံဆံပုံတွေကို အပြောင်းအလဲဖြစ်စေတယ်။

Phyo Paing @ Derek

Share Your Idea!​