လူဖြစ်လာရင်လဲ
အောက်ကျနောက်ကျမဖြစ်ဖို့
အလုပ်လုပ် ကြိုးစားရသေးတယ်။
ကျန်းမာကြံ့ခိုင်ရေး၊
အလုပ်စီးပွား၊
ငွေရေးကြေးရေး၊
အချစ်ရေး၊
သားသမီးရေးရာ၊ မိဘ။
အပေါင်းအသင်း အသိုင်းအဝိုင်းကလဲ
သူ့အဆင့်အတန်းနဲ့သူ ဝင်ဆန့်ဖို့၊
တိုးတက်ရေးနဲ့
သေတဲ့အချိန်အတွက် ပြင်ဆင်ဖို့
စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှု သို့ ဘာသာတရား။
လူဖြစ်ရတာ စဥ်းစားစရာများတော့
လွယ်တော့မလွယ်လှဘူး။
အထူးသဖြင့် ဂုဏ်ပြိုင်မှုကို
အသားပေးတဲ့ အသိုင်းအဝိုင်း၊
ရပ်၊ ရွာ၊ နိုင်ငံဆို ပိုဆိုးတယ်။
ဘယ်နေရာကျင်လည်လည်
အရေးကြီးတာ
အောက်ကျနောက်ကျမဖြစ်ဖို့ပဲ။
ဒါကြောင့် နေသလိုဖြစ်တဲ့ဘဝမှာ
ဖြစ်သလိုမနေပါနဲ့။
Phyo Paing @ Derek