Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

များများလေ့လာပါ။တစ်ခုကိုဇောက်ချ specialized knowledge ရှိပါ။

ငယ်ငယ်တုန်းက ဂယောင်။​
ဟိုယောင်ယောင် ဒီယောင်ယောင်။

အသက်အရွယ်တစ်ခုရလာတော့
တစ်ခုခုကို ဇောက်ချလုပ်ဖို့လိုလာတယ်။

နယ်ပယ်တစ်ခုမှာ ဆရာကျဖို့က
ဆယ်စုနှစ်တစ်ခုတော့
အနည်းဆုံးပေးဆပ်ရတယ်။

တိုးတက်တဲ့နိုင်ငံဖြစ်လေလေ
အချိန်ပိုကြာလေလေ။

တောမှာဆရာဖြစ်တာနဲ့၊
ရွာမှာဆရာဖြစ်တာနဲ့၊
မြို့မှာဆရာဖြစ်တာနဲ့၊
နိုင်ငံတစ်နိုင်ငံမှာဆရာဖြစ်တာနဲ့၊
နိုင်ငံတကာမှာဆရာဖြစ်တာ
မတူပြန်ဘူး။

ပေးရတဲ့အချိန် မတူဘူး။​
စမ်းသပ်ရမည့်အကြိမ်ရေမတူဘူး။

ဘဝမှာ အစုံလေ့လာဖို့လိုသလို၊
တစ်ခုထဲကို ဇောက်ချအထူးပြုနားလည်ဖို့လဲလိုတယ်။

Depth အနက်လဲလိုတယ်။​
Breadth အကျယ်လဲလိုတယ်။

များများလေ့လာပါ။
တစ်ခုကိုဇောက်ချ specialized knowledge ရှိပါ။

Phyo Paing @ Derek

drphyopaing

Share Your Idea!​