လောကရဲ့ algorithm
လောကဓမ္မတရား ၈ ပါး (Loka Dhamma) ဆိုတာ
ဗုဒ္ဓဘာသာမှာ ပြောတဲ့
လောကရဲ့ Operating System ပါ။
ဒါပေမယ့် ဒီနေ့ခေတ်နဲ့ ယှဉ်ပြီး ပြောရရင် — ဒါ Algorithm ပါ။
Algorithm ဆိုတာ Input ထည့်ရင်
Output ထွက်လာတဲ့ နည်းစနစ်ဖြစ်တယ်။
Facebook Algorithm ကို
Content ထည့်ရင် Reach ထွက်လာတယ်။
Google Algorithm ကို
Keyword ထည့်ရင် Result ထွက်လာတယ်။
လောက Algorithm ကတော့
ကြိုးစားမှု ထည့်ရင်
ရလဒ် ထွက်လာတဲ့ နည်းစနစ်လို့ ထင်ကြတယ်။
မှားတယ်။
လောက Algorithm က Predictable မဟုတ်ဘူး။
Input ကောင်းရင် Output ကောင်းမယ်ဆိုတဲ့
Linear Thinking (မျဉ်းဖြောင့်အတွေး) နဲ့ အလုပ်မလုပ်ဘူး။
လောကဓမ္မတရား ၈ ပါးကို ကြည့်ပါ —
ရခြင်း (လာဘ) ↔ ဆုံးရှုံးခြင်း (အလာဘ)
ကျော်ကြားခြင်း (ယသ) ↔ အကျော်အစောမဲ့ခြင်း (အယသ)
ချီးကျူးခြင်း (ပသံသာ) ↔ ကဲ့ရဲ့ခြင်း (နိန္ဒာ)
ချမ်းသာခြင်း (သုခ) ↔ ဆင်းရဲခြင်း (ဒုက္ခ)
အစုံ ၄ တွဲ
ကောင်းတာနဲ့ ဆိုးတာ အတွဲလိုက်။
ဒီ Algorithm ရဲ့ Rule က ရိုးရှင်းပါတယ်။
ဘယ်သူမှ ကောင်းတာချည်းပဲ ရမှာ မဟုတ်ဘူး။
ဘယ်သူမှ ဆိုးတာချည်းပဲ ရမှာ မဟုတ်ဘူး။
အတက်ရှိရင် အဆင်းရှိတယ်။
ဒါဘဝရဲ့ နိယာမပါ။
လောကမှာ ဒုက္ခကို Bug လို့ ထင်ကြတယ်။
ဒါပေမယ့် ဗုဒ္ဓက “ဒါ Feature ပါ” လို့ ပြောတာ ဖြစ်တယ်။
လူတိုင်း ဘဝမှာ ပြဿနာကြုံဖူးမှာပါ။
မကြာမကြာလဲ အသက်ရှင်နေတုန်းကြုံအုံးမှာပါ။
ဒါဟာ ဘဝပါ။
ပြဿနာအပေါ် ဝေဒနာလေးထည့်ရင်
ဒုက္ခဖြစ်ပါတယ်။
ဒုက္ခ မရှိရင် ဒုက္ခကင်းဖို့ ကြိုးစားမှာ မဟုတ်ဘူး။
အလာဘ မရှိရင် လာဘရဲ့ တန်ဖိုးကို သိမှာ မဟုတ်ဘူး။
ဒီတော့ လောက Algorithm ကို ဘယ်လို Run ရမလဲ?
Output ကို Control လုပ်ဖို့ မကြိုးစားပါနဲ့။
Algorithm ကို Hack လုပ်လို့ မလွယ်ဘူး။
ကောင်းတဲ့အခါ ပါလာမယ်။
ဆိုးတဲ့အခါလည်း ပါလာမယ်။
ဒါ System ပါ။
Input ကိုပဲ Focus လုပ်ပါ
ကိုယ့် ကံ
ကိုယ့် ဝီရိယ
ကိုယ့် ပညာ
ဒါတွေက ကိုယ် Control လုပ်လို့ရတဲ့ Input ပါ။
Output ကို ဖြစ်ချင်တိုင်း ဖြစ်ပါစေ။
Marcus Aurelius ပြောသလို
ကိုယ် ထိန်းလို့ရတာကိုပဲ Focus လုပ်ပါ။
ထိန်းလို့မရတာကို လွှတ်ပါ။
ဒါ Stoicism ရဲ့အတွေးအခေါ်ဖြစ်သလို
ဗုဒ္ဓ၏ ဥပေက္ခာ (ညီညီမျှမျှ ထားနိုင်ခြင်း) ရဲ့
လုပ်ဆောင်မှုတစ်ခုလည်း ဖြစ်တယ်။
Algorithm ကို နားလည်တဲ့သူက
ဘယ် Output လာလာ စိတ်ငြိမ်တယ်။
နားမလည်တဲ့သူကတော့
ကောင်းတာရရင် အလွန်အကျူးပျော်တယ်။
ဆိုးတာရရင် ထိန်းမနိုင်သိမ်းမရ ဝမ်းနည်းတယ်။
တစ်သက်လုံး Algorithm ဆီ
မစဉ်းစားပဲ တုန့်ပြန်မှု
လုပ်နေတာပဲ ဖြစ်တယ်။
React မလုပ်ပါနဲ့။
Respond လုပ်ပါ။
React ဆိုတာ Output ကြောင့် လှိမ့်သွားတာ။
Respond ဆိုတာ Input ကို ပြင်ဆင်ပြီး ဆက်သွားတာ။
လောက Algorithm ကို ဘယ်သူမှ ပိတ်လို့ မရဘူး။
ဒါပေမယ့် ကိုယ့် Response
ဘယ်လိုတုန့်ပြန်မလဲကိုတော့
ကိုယ် ရွေးချယ်နိုင်တယ်။
Phyo Paing @ Derek