Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

အသက်ကြီးလာတော့သတိပြုမိတာတစ်ခုကလူတွေကို သနားတတ်တဲ့ဦးနှောက်အစိတ်အပိုင်းကအလုပ်မလုပ်တော့တာတော်တော်ကြာသွားပြီ။

အသက်ကြီးလာတော့
သတိပြုမိတာတစ်ခုက
လူတွေကို သနားတတ်တဲ့
ဦးနှောက်အစိတ်အပိုင်းက
အလုပ်မလုပ်တော့တာ
တော်တော်ကြာသွားပြီ။

ငယ်ငယ်ကဆို တစ်ခုခုဆို
ခံစားရလွန်းတယ်။
စိတ်လဲ အမြဲညစ်ရတယ်။

မိုးရွာကြီးထဲ စက်ဘီးနဲ့ဆန်အိတ်ကျလို့
ကျောင်းစာအုပ်တွေကို ဘေးမှာချ
မိုးစိုခံပြီး ကူညီခဲ့တာတွေ။
အနိုင်ကျင့်ခံနေရတဲ့သူဖက်က
ရပ်တည်ပြီး ကူညီပေးခဲ့ပေမယ့်
အနိုင်ကျင့်သူတွေနဲ့ပေါင်းပြီး
ကိုယ့်ကို ပြန်ရန်လုပ်တာတွေ
ဘဝမှာ ဖြူစင်ပြီး ခံခဲ့ရတာ
တော်တော်လေးများလာတော့
ဘဝမှာ အရာရာစည်းနဲ့ပဲနေဖြစ်လာတယ်။

လူတွေကိုလဲ စီးပွားမိတ်ဖက်၊
ကိုယ့်ရဲ့အတွင်းလူ၊
အရမ်းခင်တဲ့သူငယ်ချင်း၊
အသိမိတ်ဆွေ
အကန့်တွေ ခွဲထားလိုက်တယ်။

တစ်ခုခုဆို တစ်ဖက်လူဘာလိုချင်သလဲ
သူလိုချင်တာငါပေးနိုင်လား။
ဒီမေးခွန်းမေးကြည့်တယ်။​

ဆက်ဆံရေးတစ်ခုမှာ
ကိုယ်က ဘာလိုချင်သလဲ။
သူဘာလိုချင်သလဲ။
သူလိုချင်တာပေး၊
မလိုချင်တာမပေးနဲ့။

သူတပါးမလိုချင်တာပေးရင်
မလိုချင်တာ ပြန်ရမယ်။

ဘဝကို ဒီ ဥပဒေသနဲ့ပဲဖြတ်သန်းတော့
အရှုပ်အရှင်းမရှိ အကုန်လုံးက
အဆင်ပြေတယ်။

Phyo Paing @ Derek

drphyopaing

Share Your Idea!​