Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

အေအိုင်သုံးနည်း


၁။ ကိုယ်လိုချင်တဲ့ရလဒ်ကဘာလဲ။
၂။ ဒီရလဒ်ရဖို့ ဘာပြဿနာဖြေရှင်းရမလဲ။
၃။ အေအိုင်နဲ့ ဒါကို ဘယ်လိုဖြေရှင်းမလဲ။
၄။ အေအိုင်နဲ့ဖြေရှင်းတဲ့အခါ
စင်းလုံးချောမဖြစ်တာကို ဘယ်လိုဖြေရှင်းမလဲ။
၅။ ဒါကို ထပ်ခါထပ်ခါလုပ်ဖို့ ဘယ်လိုစနစ်ချမလဲ။

ဥပမာ။ Content Creation မှာ အေအိုင်သုံးမယ်ဆိုပါစို့။

၁။ ကိုယ်လိုချင်တဲ့ရလဒ်က ဘာလဲ။

တစ်နေ့ကို အချိန် မိနစ် ၃၀ ပဲပေးပြီး
အရည်အသွေးရှိတဲ့ Content သုံးခု ထုတ်နိုင်ဖို့။

၂။ ဒီရလဒ်ရဖို့ ဘာပြဿနာဖြေရှင်းရမလဲ။

Content Idea စဉ်းစားရတာ ကြာတယ်။
အချက်အလက်ရှာရတယ်။
စာရေးရတယ်။ ပုံဖန်တီးရတယ်။
Video တည်းဖြတ်ရတယ်။ အချိန်ကုန်တယ်။

၃။ အေအိုင်နဲ့ ဒါကို ဘယ်လိုဖြေရှင်းမလဲ။

Research လုပ်ပေးတဲ့ Bot၊
စာရေးပေးတဲ့ Bot၊
ပုံဖန်တီးပေးတဲ့ Bot၊
Video ဖန်တီးပေးတဲ့ Bot တွေ တည်ဆောက်မယ်။

၄။ အေအိုင်နဲ့ဖြေရှင်းတဲ့အခါ စင်းလုံးချောမဖြစ်တာကို
ဘယ်လိုဖြေရှင်းမလဲ။

Quality Control (QC) စနစ် ထည့်မယ်။

Content ထုတ်ပေးတဲ့ Bot အပြင်
အရည်အသွေးစစ်ဆေးပေးတဲ့ QC Bot တစ်ခု
ထပ်တည်ဆောက်မယ်။

အချက်အလက် မှန်သလား။
ကိုယ့်ရေးဟန်နဲ့ ကိုက်ညီသလား။
စာလုံးပေါင်း မှန်သလား။
Brand Guideline နဲ့ ကိုက်ညီသလား။
ဒါတွေကို သတ်မှတ်ထားတဲ့
စံနှုန်းတွေနဲ့ စစ်ဆေးမယ်။
မကိုက်ညီရင် ပြန်ပြင်ခိုင်းမယ်။
လိုအပ်ရင် လူက နောက်ဆုံးစစ်ဆေးမယ်။

၅။ ဒါကို ထပ်ခါထပ်ခါလုပ်ဖို့ ဘယ်လိုစနစ်ချမလဲ။

Bot တွေကို တစ်ခုနဲ့တစ်ခု ချိတ်ဆက်ပြီး
Automated Workflow တစ်ခု တည်ဆောက်မယ်။
နေ့တိုင်း သတ်မှတ်ထားတဲ့အချိန်မှာ
Content ထုတ်လုပ်တာ၊
စစ်ဆေးတာ၊ ပြင်ဆင်တာနဲ့
တင်ဖို့ ပြင်ဆင်တာတွေ အလိုအလျောက်
လုပ်ဆောင်နိုင်အောင် စနစ်ချမယ်။

Phyo Paing @ Derek

Share Your Idea!​