လုပ်ငန်းရှင်ပုံစံတွေအများကြီးထဲမှာ
Lifestyle Entrepreneur ဆိုတာရှိတယ်။
ဘဝနေထိုင်မှုအသားပေး
စွန့်ဦးတီထွင်လို့ ဆိုရမလား။
ကိုယ်ကလုပ်ငန်းအတွက်မဟုတ်ပဲ
လုပ်ငန်းက ကိုယ့်အတွက်ဖြစ်တဲ့
စွန့်ဦးတီထွင်လုပ်ငန်းရှင်မျိုး။
အလွတ်တမ်းပညာရှင် Freelancer လဲမဟုတ်ဘူး။
လုပ်ငန်းကို ကြီးထွားဖို့အသားပေးတဲ့
Growth-driven entrepreneur လုပ်ငန်းရှင်မျိုးလဲ
မဟုတ်ဘူး။
ကိုယ့်ဘဝကို ကြိုက်တဲ့နေရာမှာနေမယ်။
ကိုယ်မလုပ်ရမနေနိုင်တဲ့ အလုပ်တွေလုပ်မယ်။
ကိုယ့်ဝန်းထမ်းတွေက နေရာအစုံမှာ။
ရုံးမရှိဘူး။
Remote Team နဲ့ သွားတယ်။
ဒီလိုလုပ်ဖို့
၁။ လူမှုကွန်ယက်ကို အသုံးပြုတတ်ဖို့လိုတယ်။
၂။ စီးပွားရေးတည်ဆောက်ရေးအကြောင်း
သေချာသိဖို့လိုတယ်။
၃။ ကိုယ့်ကိုယ်ကိုယ် သေချာသိဖို့လိုတယ်။
Akyanpay
ကိုယ်မပါဘဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay