အကြံဥာဏ်ဖြင့်ကြီးပွားခြင်း
အောင်မြင်ချင်တဲ့သူတိုင်းဖတ်သင့်သည့်Napoleon Hill ရေးသားသော Think & Grow rich စာအုပ်မှ ကောက်နှုတ်ဖော်ပြလိုက်သည်။
1. ဘဝရဲ. ရည်မှန်းချက်ပန်းတိုင်းတွေကို အကောင်အထည်ဖော်ပြ ပြင်းပြတဲ. ဆန္ဒလိုပါတယ်။ (Burning Desire)
2. ရည်မှန်းချက်ပန်းတိုင်ချမှတ်ခြင်းနှင်. သေချာ ကြိုတင်စီမံခြင်းသည် အောင်မြင်ခြင်းအတွက် အခြေခံလိုအပ်ချက်ဖြစ်သည်။ (Goal Setting & Detailed Planning)
3. အောင်မြင်တဲ.သူတွေမှာ မပြောင်းလဲသောမိမိကိုယ်ကို အလုံးစုံယုံကြည်မှုရှိသည်။ (Unwavering Faith)
4. မိမိကိုယ်မိမိ ယုံကြည်ဖို.အတွက် Auto-suggestion ဆိုသော နည်းလမ်းကိုသုံးနိုင်သည်။ (ယနေ.ခေတ်တွင် Incantation လို.ခေါ်သော နည်းလမ်းအားလည်းသုံးနိုင်သည်။)
5. အသိပညာဆိုတာ ပါဝါပါ။ ဒီစွမ်းအားကိုရဖို.အတွက် သမရိုးကျ ကျောင်းပညာကိုဆိုလိုတာမဟုတ်ပါဘူး။ မိမိကိုယ်မိမိ လေ.လာစီးပူးနိုင်သော ပညာကို ဆိုလိုပါသည်။ (Knowledge is Power)
6. စိတ်ကူးယဉ်ခြင်းသည် အိပ်မက်တွေကို လက်တွေ.အကောင်အထည်ဖော်ဖို.အစဖြစ်သည်။ (Creative Imagination)
7. မိမိအားနည်းချက်အားသာချက်ကို သိခြင်းသည် အောင်မြင်သောအသက်မွေးဝမ်းကျောင်းတစ်ခုစတင်နိုင်ဖို. အထောက်အကူပြုသည်။
8. အောင်မြင်ဖို.အတွက် အပြုသဘောဆောင်တဲ.စိတ်ခံစားမှု တွေလိုသည်။ ဒီစိတ်ခံစားမှု ကို ကောင်းမွန်အောင် အားဖြည်.ပေးရမည်။ ဥပမာ ခိုလို ညည်းသူများကို ရှောင်ရှားပြီး အောင်မြင်သောသူများဖြင့်ပေါင်းခြင်း။
9. အောင်မြင်သောသူများသည် ဆုံးဖြတ်ချက်မြန်ဆန်ပြီး၊ မိမိဆုံးဖြတ်ချက်ကို အကောင်အထည်ပေါ်သည်အထိ ဇွဲကောင်းစွာဖြင်.လုပ်ဆောင်ကြသည်။
10. စိတ်ဓာတ်ကြံ.ကြံ.ခံပြီး အောင်မြင်သည်အထိ ဒူပေဒဏ်ပေခံပြီး လုပ်ဆောင်မှအောင်မြင်မည်။
11. အောင်မြင်ဖို့အတွက် တော်ပြီး စမတ်ဖြစ်တဲ.သူတွေနဲ. သင့်ကိုသင် ဝန်းရံသင့်ပါတယ်။
Phyo Paing @ Derek