ဦးနှောက် လယ်ဗယ်မတူရင်
စကားပြောလို့မရဘူး။
စာလဲ သွားသင်ပေးလို့မရဘူး။
သွားရှင်းပြနေလဲ
ဘာတွေ ပြောမှန်းသိမှာမဟုတ်ဘူး။
ချစ်သူရည်းစား လင်မယားဆိုလဲ
ပင်လယ်ထဲ ရေဆာသလို
စကားပြောလဲ မပေါက်၊
ရှင်းပြတော့လဲ မရောက်ဖြစ်နေနိုင်တယ်။
အသိတွေကြား မေးထူးခေါ်ပြောက
ရှင်းပြရတော့လဲ အဲ့လိုဖြစ်တတ်တယ်။
တခါတလေ ကိုယ်က ဘယ်နေရာမှာ
ရပ်ရမလဲ သိဖို့လိုတယ်။
ကိုယ်ဆက်သွယ်မည့်သူကို
ဘယ်အတိုင်းအတာထိလဲဆိုတာ
သိဖို့လိုတယ်။
Phyo Paing @ Derek