လက်ရှိဖောက်သည်ကနေတစ်ဆင့်
နောက်တစ်ဆင့်ဖောက်သည်တွေကို
ပစ်မှတ်ထားချင်တယ် ဘယ်လိုလုပ်ရမလဲ?
ဒီအဖြေကတော့ရှင်းတယ်။
Positioning ကိုပြောင်းရတာပေါ့။
သမီးရည်းစားထားသလိုပဲ
ကိုယ့်ကိုကြိုက်နေကျပုံစံတွေနဲ့ပဲ
ရည်းစားပြန်ဖြစ်နေလို့ စိတ်တိုင်းမကျရင်
ကိုယ့်ကိုကိုယ် presentation လုပ်တဲ့
ဒီဇိုင်း၊ ကာလာ၊ ပုံစံပြောင်းရတယ်။
Marketing မှာ
ဘာနဲ့ပြောင်းသလဲ 9P ပေါ့။
ကုန်ပစ္စည်း၊ ဝန်ဆောင်မှု ထုတ်ပိုးပြင်ဆင်
ထည့်သွင်းမှုပုံစံ (Product)
စျေးနှုန်း (Price)
ဖြန့်ဖြူးရောင်းချမှုပုံစံ (Place)
ဖန်တီးတဲ့ Content တွေ၊ သတင်းပေးမှု၊
ကြော်ငြာတဲ့ပုံစံ (Promotion)
ဝန်ထမ်းတွေရဲ့ကျွမ်းကျင်မှု၊
အရည်အချင်း (People)
ဖောက်သည်ဖြတ်သန်းရမည့်
လုပ်ငန်းဆောင်တာအဆင့် (Process)
အဆောင်အယောင် decoration (Physical Evidence)
ငွေပေးချေမှုပုံစံ (Payment)
ရောင်းချဖြန့်ဝေတဲ့ channel (Platform)
တွေကို ပြောင်းခြင်းဖြင့်
ကိုယ့်ရဲ့ customer တွေ
Potential customer တွေကို
ပြောင်းလို့ရပါတယ်။
Phyo Paing @ Derek