သုံးတန်းပြီးတော့ ဘဝတစ်ဆစ်ချိုးတယ်။
အိမ်က သစ်စက်၊ ကုန်ကား၊ ကျောက်
စီးပွါးအကုန်ပျက်တယ်။
မူးယစ်ဆေးဝါးရဲ့ အန္တရာယ်နားလည်သွားတယ်။
ဆရာမတွေ မျက်နှာသာပေးနေရာကနေ
မျက်နှာမွဲဖြစ်သွားတဲ့အခါ
ဘဝရဲ့ပထမ သင်ခန်းစာကိုသင်ခဲ့ရတယ်။
လေးတန်းကစပြီး အမေနဲ့
သူ့မွေးရပ်မြေလိုက်သွားတယ်။
ဆရာမအလုပ်ထွက်ပြီး စျေးစရောင်းတော့
သားအကြီးဖြစ်တဲ့အတွက် အထုပ်တွေစျေးထဲပို့
စျေးထဲမှာ စျေးရောင်းပြီးကြီးတယ်။
ဒါကြောင့် မြင်းခေါင်းစွပ်ကြယ်၊
ပုဆိုးတွေနဲ့ ကုန်ပစ္စည်းစျေးတော်တော်များများ
ဘယ်နှစ်ခုနှစ် ဘယ်လောက်ပြောင်းသွားလဲ
စျေးတွေပါ အကုန်မှတ်မိနေတယ်။
ငယ်ကတည်းက စီးပွါးရေးကလုပ်ချင်တော့
ဝေဖာမှာပါတဲ့ ပါဝါရိမ်းကျားအရုပ်တွေရောင်းတာ၊
နည်းလမ်းပေါင်းစုံနဲ့ ဝယ်ရောင်းလုပ်လိုက်
ကျောင်းပြေးလိုက်နဲ့ နောက်
ထိန်းမရတာနဲ့ မန္တလေးအဆောင်ပို့လိုက်တယ်။
အဆောင်ပြီး ဆေးတက္ကသိုလ်တက်တော့လဲ
ဂိုက်သင်၊ သူငယ်ချင်းနဲ့ပေါင်း
တရုတ်ကပစ္စည်းတင်သွင်း
နောက် website လေးတွေလုပ်
ပစ္စည်းတွေရောင်းရင်း Linux tablet ကို
မြန်မာ font ထည့် အကုန်ရင်းလိုက်တော့
မှန်းချက်နဲ့ နှမ်းထွက်မကိုက်ပဲ
စီးပွါးရေးပညာကို စနစ်တကျလေ့လာမယ်ဆိုပြီး
ဖြစ်လာခဲ့တယ်။
Ofqual ABE Level 6 Diploma ကို
လေးလနဲ့ အပြတ်ဖြတ်ပြီးတော့
MBA တက်ရင်း၊ MNC မှာအလုပ်လုပ်ရင်း၊
ဆိုင်လဲဖွင့်ရင်း၊ part-time လဲ marketing လဲစာပြန်သင်
အောက်သက်ကျေဖို့ အချိန်တစ်ခုပေးခဲ့တယ်။
အလုပ်လေးခုလောက်လုပ်တယ်။
ဘဝရဲ့ ကျဆုံးမှုတိုင်းက နောက်တစ်ဆင့်တက်ဖို့
အကောင်းဆုံးခြေလှမ်းဖြစ်လာခဲ့တယ်။
ဘဝမှာ လုပ်တဲ့အလုပ်တိုင်းကနေ
ကိုယ်သင်ယူလေ့လာလို့ရတဲ့ အရာ
တစ်ခုအမြဲရှိနေရမယ်။
ငွေတစ်ခုတည်းအတွက်တော့
အလုပ်လုပ်ဖို့ စိတ်ကူးမရှိဘူး။
ဒါကြောင့် ဘဝမှာ သုညကပြန်စခဲ့ရလို့
အကုန်ရှုံးသွားရင်တောင် အရင်းပဲ။
ဒါကြောင့် ကိုယ့်ကိုကိုယ် ပြန်ဖန်တီးရမှာ
ကြောက်မနေပဲ အမြဲရင်ခုန်နေရတယ်။
Phyo Paing @ Derek