ကမ္ဘာပေါ်မှာ အတူနေဖို့
မလွယ်ကူဆုံးသူကလဲ
ကိုယ့်ရဲ့ စိတ်နဲ့ ကိုယ်ပဲ။
မယုံရင် တစ်ယောက်ထဲ
အခန်းတံခါးပိတ်ပြီး
အေးအေးဆေးဆေး
ဘာမှ မလုပ်ပဲ ဒီတိုင်း
ထိုင်နေကြည့်။
လူတွေဟာ ခန္ဓာကိုယ်ပေါ်
ဖြစ်ပေါ်လာတဲ့ microsensation တွေ၊
စုစည်းလို့ခက်တဲ့ အာရုံတွေ
ပြန့်လွင့်တတ်တဲ့ စိတ်
ဒါတွေ သတိထားမိလာမယ်။
အမှန်တော့ ကိုယ်တိုင်က
အချိန်အများစု တံပတ်ပေးထားတဲ့
Zombie လိုဖြစ်နေတတ်တယ်။
အနာဂတ်ကို စဥ်းစားလိုက်၊
အတိတ်ပြန်တွေးလိုက်နဲ့
ပစ္စုပ္ပန်ကနေ အာရုံလွတ်
နေတတ်တယ်။
သတိနဲ့ စိတ်နဲ့ ကပ်တဲ့အချိန်
များများလာအောင်တော့
လေ့ကျင့်နေမှ ပဲရမယ်။
ကိုယ့်ရဲ့ best version
တည်ဆောက်ဖို့က
ကိုယ်က ကိုယ့်ရဲ့မိတ်ဆွေ
ဖြစ်နေဖို့ ကိုယ့်စိတ်ကို
အရင် အနိုင်ယူနိုင်မှရတယ်။
Phyo Paing @ Derek