Tony Buzan ကိုသိလို့ Accelerated learning
ကိုလုပ်ဖြစ်ခဲ့တယ်။
Tony Robbins ကိုသိလို့ Personal development
ကို လုပ်ဖြစ်ခဲ့တယ်။
Edward Debono ကိုသိခဲ့တဲ့အတွက်
စဉ်းစားနည်းစနစ် lateral thinking ကို
နေ့စဉ်ဘဝမှာ ကျင့်သုံးဖြစ်လာခဲ့တယ်။
Eben Pagan ကိုသိလို့ Digital Product တွေ
တည်ဆောက်ရမယ်ဆိုပြီး လုပ်ဖြစ်ခဲ့တယ်။
Seth Godin ကိုသိလို့ Marketing ကို
သေချာနားလည်လုပ်ဆောင်နိုင်ခဲ့တယ်။
Tim Ferriss ကိုသိခဲ့လို့ Productivity ကို
အလေးပေးရမယ်နားလည်ခဲ့တယ်။
Peter Drucker ကိုသိခဲ့လို့ Management ကို
ဘယ်လိုလုပ်ဆောင်ရမယ်နားလည်ခဲ့တယ်။
Michael Porter စာအုပ်တွေဖတ်ပြီး
Strategy တစ်ခု Competitive advantage
ဘယ်လို တည်ဆောက်ရမလဲ နားလည်ခဲ့တယ်။
Robert Greene ကြောင့် လူ့အကြောင်းတွေ
သေချာနားလည်ခဲ့တယ်။
ဆရာတော် Thick Nhat Hanh ကိုသိခဲ့တဲ့အတွက်
Buddhism ကိုလမ်းမှန်မြင်နိုင်ခဲ့ပြီး
နေ့စဉ်ဘဝမှာ ပျော်ပျော်ရွင်ရွင်ဖြတ်သန်းနိုင်နေခဲ့တယ်။
List တွေချရေးရင် မကုန်တော့ဘူး။
ဆရာတွေကို သိခွင့်၊ လေ့လာခွင့်ရခဲ့တဲ့အတွက်
ဘဝမှာ ဘာတွေပဲဖြစ်နေခဲ့ နေခဲ့
နေ့စဉ် လတ်ဆတ်မှုအပြည့်၊
ပျော်ရွင်မှုအပြည့်ဖြစ်နေတယ်။
ဘာကြောင့်လဲဆိုတော့ ဘဝကို
အဖြစ်အပျက်တွေက ပုံဖော်တာမဟုတ်ဘူး။
ကျွန်တော်တို့ရဲ့
ဆုံးဖြတ်ချက်တွေက ပုံဖော်တာဖြစ်တယ်လို့
နားလည်ခဲ့တဲ့အတွက်ဖြစ်တယ်။
လွန်ခဲ့တဲ့ ခုနှစ်နှစ်ကျော်ကစပြီး
ဒီနေ့ကစပြီး ကိုယ့်ကိုကိုယ် ၁ မိနစ်ထက်ပို
စိတ်ညစ်မခံဘူးလို့ ဆုံးဖြတ်ခဲ့တဲ့နေ့ကစလို့
ဘဝရဲ့ လတ်ဆတ်မှုတွေ ပိုတောက်ပလာတယ်။
Phyo Paing @ Derek