အမျိုးသမီးများစု ပြဿနာတစ်ခု
စိတ်ညစ်စရာတစ်ခုရှိရင်
သူငယ်ချင်းတွေနဲ့ မျှဝေရင်ဖွင့်ပြီး
အချိန်တစ်ခုရောက်ရင်
မေ့မေ့ပျောက်ပျောက် ဖြစ်တတ်ကြတယ်။
ယောကျာ်းအများစုကျတော့
ကိုယ့်ရဲ့ lowest point ရောက်တာကို
ဝန်ခံချင်တဲ့စိတ်နည်းကြတယ်။
အများစုက အတွင်းကြေပဲသွားတတ်ကြတယ်။
ဖွင့်ပြောမှု သိပ်မပြုတတ်ကြဘူး။
ဖွပ်ပြီးကြိတ်ခံစားဖြေရှင်းတတ်ကြတယ်။
အမျိုးသားတစ်ယောက်ရဲ့ ပါဝါက
လူ့အဖွဲ့အစည်းတစ်ခုမှာ
လူရိုသေရှင်ရိုသေဖြစ်ဖို့ အတွက်
အလုပ်အကိုင်စွမ်းရည်၊
နေရာ ရာထူး၊ ငွေရှာနိုင်စွမ်း၊
ပညာနဲ့ အပေါင်းအသင်း
စဉ်းစားစရာတွေ အများကြီးရှိတယ်။
ဒါတွေကို အမျိုးသားတွေက
မပြောတာပဲရှိတယ်။
အနည်းနဲ့ အများ
အကုန်နားလည်ထားကြတယ်။
ဒီ social structure တစ်ခုထဲမှာ
ဝင်ဆန့်ဖို့နဲ့ နေရာတစ်ခုရဖို့
မပြောတာပဲရှိတယ်။
စဉ်းစားကြံဆနေကြတာကြီးပဲ။
ဒါကြောင့်တခါတလေ
အမျိုးသမီးအများစုက သတိမထားမိတာ၊
အကြံမလိုအပ်ပဲ အကြံပေးတာ၊
အားမလိုအားမရဖြစ်တာမျိုးပြတာ၊
ပြောတာ၊ စိတ်ကောက်အပြစ်ပေးတာ၊
ဒါမျိုးသတိမပြုမိပဲ လုပ်မိတတ်တယ်။
စဉ်းစားမိတာတစ်ခုက
Alpha male အမျိုးသားတစ်ယောက်အတွက်
အရေးအကြီးဆုံးက
သူ့ lowest point ရောက်တိုင်း နားလည်ပေးတာ။
သူနဲ့အတူ လောကဓာတ်ကို ရင်ဆိုင်ဖို့အသင့်
ဆိုတာမျိုးဖြစ်တတ်တယ်။
အမျိုးသားတွေရဲ့ ရင်တွင်းဖြစ်ရေးတဲ့စာ
ဘယ်နှစ်ခုများတွေ့ဖူးကြလို့လဲ။
အများစုက အမျိုးသမီးအကြောင်းတွေ
အများစုကို တွေ့ရလိမ့်မယ်။
ကိုယ့်ကိုကိုယ်သတ်သေတဲ့နှုန်းမှာ
အမျိုးသားတွေက အမျိုးသမီးထက်
လေးဆ လောက်ပိုများတာအားလုံးအသိ။
Phyo Paing @ Derek