Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ကျွန်တော်ရဲ့
ABCDEFG

Attitude
စိတ်နေသဘောထားအရေးကြီးတယ်။

Zig Zaglar ပြောသလို
“It is your attitude,
more than your aptitude,
that will determine your altitude.”
Hard work beats talent ပဲ။
စွမ်းဆောင်ရည်ချင်းတူရင်တောင်
ကြိုးစားတဲ့ သူက ပိုခရီးရောက်တယ်။

Negative attitude နဲ့ positive life
တည်ဆောက်လို့မရဘူး။
ကိုယ့်ဘဝကိုယ် တာဝန်ယူဖို့အရေးကြီးတယ်။​
ကိုယ့်ဘဝ ကိုယ်နဲ့ပဲဆိုင်တယ်။

Behavior

ဆန္ဒ၊ ခံစားမှုနဲ့ အတွေးအခေါ်ပေါ်မူတည်ပြီး
အမူအကျင့်ဖြစ်လာတယ်။
စိတ်နေသဘောထားပေါ်မူတည်ပြီး
အမူအကျင့်တွေဖြစ်လာတယ်။
ကိုယ်ဖြစ်ချင်တဲ့ ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့
ကိုယ့် အမူအကျင့်ပုံစံက align ဖြစ်ဖို့လိုတယ်။

Consistency

စွဲစွဲမြဲမြဲ လုပ်ဖို့လဲ အရေးကြီးတယ်။​
အမူအကျင့်တစ်ခုကို စွဲစွဲမြဲမြဲမလုပ်
ခဏ ခဏ လက်လျော့ရင်
ခရီးရောက်မှာ မဟုတ်ဘူး။

Discipline

စည်းကမ်း။​
ငယ်တုန်းကတော့
စိတ်ဓာတ်၊ စည်းကမ်း၊ ပညာတဲ့။
ကိုယ့်ကိုကိုယ်ထုတ်ထားတဲ့ စည်းကမ်း
ကိုယ်တိုင်လိုက်နာဖို့လိုတယ်။​
Self-discipline မရှိပဲ
ခက်ခဲတာမှန်သမျှ လုပ်ဖို့ခက်တယ်။​

Experiment

တိုးတက်မှုအတွက် မလုပ်ဖူးတာ
စမ်းသပ်လုပ်ဆောင်လုပ်ရဲဖို့လိုတယ်။
လုပ်နေကျ၊ တွေးနေကျတွေကို
စိန်ခေါ်ရဲဖို့လိုတယ်။

Flexibility

တစ်ခုခုဆို ပြောင်းလွယ်၊ မြင်လွယ်
ပျော့ပျောင်းဖို့လိုတယ်။
လိုချင်တဲ့ရလဒ်ရဖို့
ဘယ်နည်းနဲ့သွားရင် အကောင်းဆုံးလဲ
မျက်စိဖွင့်နားစွင့်ပြောင်းလဲသင့်ရင်
ပြောင်းဖို့လိုတယ်။​

Goal

ကိုယ့်ကိုရင်ခုန်စေတဲ့ ရည်မှန်းချက်ပန်းတိုင်လိုတယ်။
လူ့သဘောတရားအရ ရည်မှန်းချက်မရှိရင်
တိုင်ပတ်တာတွေကို လိုက်စဉ်းစားတတ်တယ်။​
ဒါကြောင့် ဘဝမှာ goal တွေလိုတယ်။​

Phyo Paing @ Derek

Share Your Idea!​