အစကတည်းက လောကကြီးကို
မမျှတဘူးလို့ လက်ခံထားတယ်။
ကျောင်းမှာတောင် သူဌေးသားနဲ့
မျက်နှာမွဲကို ဆရာမဆက်ဆံတာ
မတူတာမျိုး လူတိုင်းကြုံဖူးမှာပဲ။
Life is not fair — get used to it!
ဆိုတဲ့ rule အမြဲထားထားတယ်။
ဒီအချက်က အရှိကို အရှိအတိုင်းမြင်စေတယ်။
လူတိုင်း၊ နိုင်ငံတိုင်းက resource competition တွေ
လုပ်နေကြရတာပဲ။
ဘယ်သူမှ ကိုယ့်အတွက် အကျိုးမရှိပဲ
ကိုယ့်ကို သူရဲကောင်းလုပ်
လာမကူဘူး။
လူတိုင်း၊ နိုင်ငံတိုင်း၊ လုပ်ငန်းတိုင်း၊
အဖွဲ့အစည်းတိုင်းမှာ self-interest
အနည်းနဲ့ အများရှိကြတာကြီးပဲ။
ဒီ stakeholder တွေကို သူတို့ဘာလိုချင်တာလဲ
ငါဘာလိုချင်တာလဲ။
ကိုယ်လိုချင်တာကို အလွယ်ဆုံး၊
အမြန်ဆုံး၊ အထိရောက်ဆုံး၊
ဆုံးရှုံးနိုင်ခြေအနည်းဆုံးနဲ့
ဘယ်လိုအကောင်အထည်ဖော်မလဲ
ဒီမေးခွန်းအဓိက မေးရမှာပဲ။
လောကမှာ လူတွေက အားနည်းတဲ့
တိရစ္ဆာန်တွေကိုစားတယ်။
အသားစားသတ္တဝါ၊ အစုံစားသတ္တဝါ၊
အရွက်စား သတ္တဝါကြားမှာ
ပါဝါချိန်ခွင်တွေကြား
လောကကြီးလည်ပတ်နေတယ်။
ကိုယ့်တာဝန်က ကိုယ့်ကိုကိုယ်
ကာကွယ်နိုင်အောင်၊
ကိုယ်ချစ်တဲ့သူတွေကို ကာကွယ်နိုင်အောင်
ကိုယ့်ကိုကိုယ် ပျိုးထောင်ရမှာလို့ထင်တာပဲ။
ကယ်တင်ရှင်ရှာနေလို့ မရဘူး။
Phyo Paing @ Derek