ဆေးရုံမှာလဲ အူတွေအပြင်ထုတ်ထားရတဲ့
colostomy ထုတ်ထားရတဲ့ case တွေ၊
ကင်ဆာလူနာတွေ၊
အသက်ရှူမဝဖြစ်ပြီး
အသက်ငင်နေရတဲ့လူနာတွေ၊
HIV ကြောင့်စိတ်ဓာတ်ကျနေတဲ့လူတွေ၊
အင်္ဂါမစုံမွေးတဲ့ကလေးတွေ၊
ဘဝရဲ့ အနိဓ္ဓာရုံတွေတွေ့တာတွေ
ဆေးရုံနှစ်ခါလောက် တက်ရတာ၊
သေဘေးနဲ့ နီးနီးလေးကနှစ်နောက်လောက်
လွတ်လာတာက ကိုယ့်ဘဝအမြင်ကို
တော်တော်လေးအပြောင်းအလဲဖြစ်စေတယ်။
ဘဝဆိုတာ တိုတိုလေး
ဖင်လှည့်ခေါင်းလှည့်နဲ့ တစ်နှစ်ဆိုတာ
ကုန်သွားတာ။
ကိုယ့်ဘဝ ကိုယ်ပြန်ကြည့်လိုက်ရင်
အော် ငါ ဒီတစ်နှစ်ကို အကောင်းဆုံး
အသုံးပြုခဲ့တယ်ဆိုတဲ့ ခံစားချက်ရဖို့
ကိုယ့်ကိုကိုယ် ကျေးဇူးတင်ဖို့
ကိုယ့်ကိုကိုယ် ဂုဏ်ယူတဲ့အလုပ်တွေ
နေ့တိုင်းလုပ်ဖို့လိုတယ်။
Soceity ကြီးက ကျွန်တော်တို့ကို
တခြားလူတွေ လုပ်သလိုလိုက်လုပ်ဖို့
တွန်းအားပေးတတ်တယ်။
တခါတလေ ကိုယ်ဖြစ်ချင်တာကို
တခြားသူတွေ ဘယ်လိုထင်မလဲဆိုတဲ့
အတွေးကို မလွန်ဆန်နိုင်တဲ့အတွက်
စွန့််လွတ်လိုက်ကြရတယ်။
ဘဝမှာ ကိုယ်သွားမည့်လမ်းကြောင်းကို
သေချာသိဖို့လိုတယ်။
ငွေက အရေးအရမ်းအရေးကြီးတာမှန်တယ်။
ဒီငွေရဖို့ ရေတိုကြည့်ပြီး ကိုယ့်ဘဝ
လမ်းကြောင်းတွေ မပိတ်မိဖို့လိုတယ်။
ကိုယ့်ရဲ့ ရေစီးကြောင်းကိုသိရမယ်။
ကိုယ့် ရဲ့ Flow ကို သိမှ
ကိုယ့်ဘဝ ကံကြမ္မာ destiny ကို စိတ်ကြိုက်
ပုံဖော်နိုင်မယ်။
Find Your Flow, Design Your Destiny ဆိုပြီး
အမြဲကိုယ့်ကိုကိုယ် သတိပေးမိတယ်။
Phyo Paing @ Derek