Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

Marketing သမားမဟုတ်ရင်
ဒါမဖတ်နဲ့နော်။

ဗျူဟာက ကြော်ငြာခေါင်းကြီးပိုင်းကို
ဘယ်လိုလေးရေးမယ်။
ကြော်ငြာဘယ်လိုလေးရေးမယ်။

ရက် ၃၀ မကြိုက်ရင် ပြန်ပေးငွေပြန်အမ်းမယ်။
ကလေးမျက်နှာပါရင် လူတွေ
Engagement ပိုကောင်းတယ်။
Free, Sex, For You, Now,
New, Easy, Fast, Better
ဒီစကားလုံးတွေပါရင်
လူတွေ click ပိုနှိပ်တယ်။

Video တင် နောက် 25% ကြည့်တဲ့သူကို
Retargeting လုပ်၊ Meta Pixel Tracking လုပ်
ဒါတွေက Baby steps တွေ။

Live လွင့်ရင် ကြည့်တဲ့သူများအောင်
ဘယ်လိုပြော၊ ဟိုလိုပြော။
ပစ္စည်းတွေ ကုန်တော့မယ်၊
စာရင်းပိတ်တော့မယ်။
ဝယ်တဲ့သူတွေက ဘယ်လောက်တောင်
စိတ်ချမ်းသာသာကြည့်။
ဒါတွေလူတိုင်းလုပ်နေတော့
လူတွေက ရိုးလာပြီ။

တကယ်အရေးကြီးတာ မားကတ်တင်းရဲ့
မဟာဗျူဟာ။
ကိုယ်ဘာအတွက် ရပ်တည်တယ်။
ဘယ်လိုမဟာဗျူဟာနဲ့
ငါးနှစ်အတွင်း စျေးကွက်မှာ
ပုံစံတူ၊ လုပ်ငန်းတူတွေကို
သုံးလေးငါးနှစ်မှာ ချန်ခဲ့ဖို့
မဟာဗျူဟာ အရေးကြီးတယ်။

ဗျူဟာဆိုတာ ဆိုက္ကားဆရာတွေထဲမှာ
အမြန်ဆုံး ဆိုက္ကားဆရာဖြစ်အောင်လုပ်တာ။
မဟာဗျူဟာက ကိုယ်သွားချင်တဲ့လမ်းကြောင်းကို
လူတွေမမြင်တဲ့ 🚗 vehicle နဲ့သွားတာ။

ကိုယ်က boost လုပ်နည်းသင်နေတုန်း
ကိုယ့်လုပ်ငန်းတူတွေက ငွေသုံးစရာမလိုပဲ
ဝက်ဝက်ကွဲရောင်းနေရတယ်။

မားကတ်တင်းမှာ အဆိုတစ်ခုရှိတယ်။
Marketing is like sex: only losers pay for it တဲ့။
နည်းနည်းရိုင်းပေမယ့် မှန်တဲ့စကားပဲ။

ကြည့် မဖတ်နဲ့ဆို ဖတ်တယ်။ လူဇိုး။

Phyo Paing @ Derek

Share Your Idea!​