စိတ်ဆိုးတိုင်း
တုံ့ပြန်ဖို့ မလိုဘူး။
ဝမ်းနည်းတိုင်း
ဆုံးဖြတ်ချက်ချဖို့ မလိုဘူး။
ကြောက်တိုင်း
နောက်ဆုတ်ဖို့ မလိုဘူး။
ခံစားချက်ဆိုတာ
ကိုယ့်ဆီကို ရောက်လာတဲ့
ဧည့်သည်တွေပဲ။
ဧည့်သည်တိုင်းကို
အိမ်ရှင်နေရာ ပေးစရာ မလိုဘူး။
စိတ်သန်မာတယ်ဆိုတာ
ဘာမှ မခံစားရတော့တာ မဟုတ်ဘူး။
ခံစားနေရတာကို သိပြီး
ဘာလုပ်မလဲဆိုတာ
ကိုယ်တိုင် ရွေးချယ်နိုင်တာ။
Phyo Paing @ Derek