Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

market research နဲ့
marketing research နဲ့မတူဘူး။

မားကတ်တင်းမှာ အရေးအကြီးဆုံး
စကားလုံးက positioning ပဲ။
လူတွေရဲ့ ရင်ထဲဘယ်ပုံစံနေရာယူမလဲ။
ဒီလို နေရာယူဖို့ စဥ်းစားရတဲ့အချက်တွေရှိတယ်။
ဒါကို STP ဆိုတာနဲ့ လုပ်တယ်။​

ဥပမာ ကိုယ်က မျက်နှာသစ်ဆပ်ပြာ
ထုတ်တယ်ဆိုပါတော့။
မားကတ်တင်းဆိုတာ ဒီကုန်ပစ္စည်း
ထုတ်ခင်ကတည်းက စတယ်။​

ဘယ်သူတွေအတွက်ထုတ်မှာလဲ။
ဘာတွေပိုကောင်းမလဲ။
ဘယ်လိုထုတ်မှာလဲ။
ဘယ်လောက်နဲ့ရောင်းမလဲ။
အစရှိတဲ့မေးခွန်းတွေအတွက်
လေ့လာရတယ်။
ဒါကို market research လုပ်တယ်။
စျေးကွက်သုတေသနလုပ်တယ််လို့ခေါ်တယ်။
market research နဲ့
marketing research နဲ့မတူဘူး။

Research ဆိုတာ ပြောဆိုမေးမြန်း
ကြည့်ရှုပြီး ကိုယ့်မေးခွန်းတွေအတွက်
အဖြေရှာဖွေရေးဖြစ်စဥ်ဖြစ်တယ်။
ဒီအပေါ်မူတည်ပြီး ဆုံးဖြတ်ချက်ချတယ်။

မျက်နှာသစ်ဆပ်ပြာရောင်းလို့ရမည့်သူ
တွေကို ခွဲကြည့်မယ်ဆို
၁။ အမျိုးသမီးငယ်စျေးကွက်
၂။ Lady စျေးကွက်
၃။​ အာကြီးမစျေးကွက်
၄။ ဖွားဖွားစျေးကွက်
၅။ ကလေးတွေအတွက်
၆။ ဝက်ခြံပေါက်တဲ့ ဆယ်ကျော်သက်အားတီတို့အတွက်
၇။ ခန့်ချောကြီး သာကောတို့အတွက်
၈။ အသက်ကြီးပိုင်းရောက်နေတဲ့ senior သာကောစျေးကွက်
၉။ ဘိုးဘိုးစျေကွက်

ဒီလို ခွဲခြမ်းတာကို segmentation လို့ခေါ်တယ်။

ဒီပေါ်မူတည်ပြီး ဘယ်သူတွေကိုရွေးမလဲ
ပြန်စဥ်းစားရတယ်။
ဥပမာ အားတီတို့နဲ့ သာကောတို့စျေးကွက်ရွေးမှာလား။
ကလေးတွေသုံးလို့ရတဲ့ မျက်နှာသစ်လုပ်မှာလား။
အမျိုးသမီးလေးတွေအတွက်လား။​
ရွေးရပြီ။

ဒီနေ့ခေတ်က အရင်လို တစ်ခုထုတ်ပြီး
လူတိုင်းပစ်တဲ့ ခေတ်မဟုတ်တော့ဘူး။
ရွေးချယ်စရာများလာတဲ့ခေတ်မှာ
လူတိုင်းအတွက် အကိုက်ညီဆုံး
ဖြစ်အောင် ဖန်တီးရမည့်အချိန်ရောက်လာပြီ။

ဒီတော့ ခုမှ စျေးကွက်ကိုထိုးဖောက်မယ်ဆို
တစ်ခုကို တိတိကျကျရွေးဖို့လိုတယ်။
တစ်ခုထက်ပိုရွေးလို့ကောရလား။
ရတယ်။​ ကိုယ်နိုင်တယ်ထင်ရင်လုပ်။
မှတ်ထားရတာကတော့
If you confuse them, you lose them ပဲ။
လူတွေကို ဘာ့ကြောင့် ကိုယ့်ကုန်ပစ္စည်း
ရွေးချယ်ရမလဲ မေးခွန်းကို
ရှုပ်အောင်လုပ်ရင် သူကခင်ဗျာဖောက်သည်
မဟုတ်တော့ဘူး။

ဒါဆို အားတီနဲ့ သာကောတို့အတွက်
မျက်နှာသစ်ထုတ်မယ် ဆိုပါတော့
ဒါဆို စဥ်းစားရမည့်အချက်တွေ ရှိလာပြီ။​

အားတီနဲ့ သာကောတို့မှာ
ဝက်ခြံပေါက်တဲ့ ဆယ်ကျော်သက်
အားတီတို့ရှိမယ်။
အဆီပြန်တဲ့ အားတီနဲ့ သာကောတွေလဲရှိမယ်။
အသားခြောက်တဲ့ သားကြီးတို့လဲရှိမယ်။
မဲနေတဲ့အသားဖြူချင်တဲ့ အားတီတို့လဲရှိမယ်။

ဒီလို မတူညီတဲ့ အားတီနဲ့ သာကောတို့အတွက်
acne အပိုင်း oil control နဲ့ whitening
အစရှိတဲ့ ကုန်ပစ္စည်းထုတ်ဖို့ စဥ်းစားရပြီ။

ဘယ်လို ဒီဇိုင်း၊ ကာလာ၊ packaging နဲ့
ထုတ်မှာလဲ။
အရည်အသွေးဘယ်လို ထုတ်မှာလဲ
စဥ်းစားရပြီ။

ဘယ်စျေးနဲ့ရောင်းမလဲ။
ဘယ်လို ပုံစံနဲ့ အသိပေးမလဲ။
ဘာ message ပေးမလဲ။
အရင် ပေါချောင်ကောင်းဆို Redmi သိသလို
ဓာတ်ပုံရိုက်လိုက်လို့ ကိုယ့်ကိုကိုယ်
မမှတ်မိလောက်အောင် ချောသွားတာ Oppo
အဲ့လိုမျိုး ဘယ်လိုမျိုးနဲ့
ကိုယ့် ကုန်ပစ္စည်းတွဲမှတ်မိစေချင်သလဲ။
၃ မိနစ်ပဲစောင့်ဆိုတဲ့ Mama လိုလား။
လူတွေမမှတ်မိလောက်အောင်
တိုးတက်ပြောင်းလဲလိုက်ပါ။
Toe Tet လိုလား။ (ဒါကတော့ ကြော်ငြာ LOL)

နောက် ဘယ်လို ဖြန့်ဖြူးမလဲ။
ရောင်းတဲ့သူတွေက ဘယ်လိုပုံစံတွေနဲ့
သွားမလဲ။
အဲ့လို အချက်တွေ အများကြီးစဥ်းစားရတယ်။

ဒါတွေပြီးမှ နှစ်အလိုက်၊
လအလိုက် မဟာဗျူဟာတွေစဥ်းစားပြီး
အကောင်အထည်ဖော်ရတာ။
ဒါတွေကလဲ စီးပွားရေးမဟာဗျူဟာနဲ့
ရည်ရွယ်ချက်တွေက လာတာ။

မားတက်တင်းဆိုတာ
သင်တန်းလေး လေးငါးဆယ်ရက်တက်ပြီး
boost လုပ်တာ တစ်ခုထဲမဟုတ်ဘူး။
အားတီ၊ အားမေတို့။

မားကတ်တင်းပညာတတ်ရင်
ချမ်းမချမ်းသာတော့ မသိဘူး။
ထမင်းမငတ်တာတော့ သေချာတယ်။

ဒါကြောင့် သာကောရဲ့
ToeTet Essentials မှာ
သင်တန်းတက်ကြ။ LOL

Phyo Paing @ Derek

Share Your Idea!​