Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

အနာဂတ်ပုံရိပ်က အတိတ်ထက်ပို ကြည်လင် ပြတ်သားဖို့ လိုပါတယ်

“လူတွေ မမှတ်မိလောက်အောင်
တိုးတက်ပြောင်းလဲလိုက်ပါ” စာအုပ်မှာ
ကိုယ့်အကြောင်းမိတ်ဆက်ဖို့လိုတယ်ဆိုလို့
တက်ဖူးတဲ့ certificates အကုန်လိုက်ရေးနေမည့်အစား
စာတစ်ပုဒ်နဲ့ ကိုယ့်ကိုကိုယ် မိတ်ဆက်ဖို့
ဒါလေးတော့ လုပ်ထားတယ်။
ဘယ်လိုနေလဲ?

အဘိုးက FRC ဖြစ်တဲ့အတွက် အဖေတို့အဒေါ်တို့လက်ထက်တုန်းက ဆေးကျောင်းတက်ခွင့်မရခဲ့ဘူး သူတို့ကိုကတိပေးထားတဲ့အတိုင်း ဆေးကျောင်းကိုပြီးအောင်တက်ခဲ့တယ်။

၄တန်းပြီးကတည်းကအဖေမရှိတော့တဲ့အတွက် စျေးထဲမှာဆိုင်စောင့်လိုက်၊ ကျောင်းတစ်ဖက်တဲ့ အချိန်ကုန်တယ်။

ကျောင်းပြီးတော့ကျောင်းတက်တုန်းကကျားကုတ်ကျားခဲ စုခဲ့တဲ့ငွေနဲ့ MEBOOK E-READER လေးကို တရုတ်ကသွင်းပြီး အကုန်ရင်းလိုက်တယ်။

အရင်းပါပြုတ်သွားတယ်။

ဒါကြောင့် စီးပွါးရေးစီမံခန့်ခွဲမှုကို ထဲထဲဝင်ဝင် လေ့လာဖို့ ဆုံးဖြတ်ပြီး ကျွန်တော် သင်တန်းတွေတက်ခဲ့တယ်။

နိုင်ငံတကာ ဆေးCompanyကြီးမှာ အလုပ်ဝင်လုပ်ပြီး Company တွေအလုပ်လုပ်ပုံ လေ့လာခဲ့တယ်။

ကိုယ်တိုင်ဖုန်းဆိုင်ဖွင့်ပြီး လေ့လာထားတဲ့ပညာရပ်တွေကို အသုံးပြုပြီး လက်လွှဲနိုင်အောင် စမ်းကြည့်သလို တွေ့ကြုံခဲ့တဲ့ ပြဿနာတွေကို အဖြေရှာရင်း SME လုပ်ငန်းရှင်နဲ့ စွန့်ဦးတီထွင်တွေကို ကိုယ်သိထားတာတွေ ပြန်လည်မျှဝေပေးဖြစ်ခဲ့တယ်။

အရမ်းလေးစားတဲ့ Seth Godin – Marketing Guru ကြီးနဲ့တွေ့ပြီး မားကတ်တင်းနဲ့ business ပေါ်မြင်တဲ့အမြင်အရမ်းပြောင်းသွားတယ်။

၂၀၁၅မှာ ပညာရေးနဲ့ အပြောင်းအလဲလုပ်ဖို့ YEC LEARNING CENTERကို စတင်ခဲ့တယ်။

Company ပေါင်း 200 ကျော်ကို Corporate Training ပေးခဲ့တယ်။

Training နဲ့ Seminarပေါင်း250+ နဲ့ လူသိများကြတဲ့ Toe Tet Online Learning, Dream Lab, Akyanpay, Sapwar တို့ရဲ့ မိခင် Company ဖြစ်တဲ့ YEC Company ကိုတည်ထောင်ခဲ့တယ် 2022 December မှာတော့ YEC Learning ကနေ Higher Education Institution တစ်ခုအဖြစ်New Next University ကိုအဆင့်မြှင့်တည်ထောင်ခဲ့ပါတယ်။ နောက်ပြီး ရည်မှန်းချက်ကြီးတဲ့ လူတွေကိုကူညီဖို့ personal, professional နဲ့ business development ပိုင်းတွေကိုကူညီဖို့ က YEC Company ရဲ့ သမိုင်းပေးတာဝန်ဖြစ်တဲ့အလျောက် ရည်မှန်းချက်ကြီးတို့ working professional တွေ၊ လုပ်ငန်းရှင်၊ စွန့်ဦးတီထွင်နဲ့ influencer တွေဆီက ကျေးဇူးတင်တဲ့အသံတွေပြန်ကြားတိုင်း ဝမ်းသာပီတိဖြစ်မိပါတယိ။

ဘဝဆိုတာ ကိုယ့်အစွမ်းအစဘယ်လောက်ရှိလဲဆိုတာ စမ်းသပ်ရာ နေရာ လို့ ခံယူထားတယ်။ “ဘူကောင်တွေကိုရှောင်” နဲ့ “ကိုယ့်ကိုကိုယ် ဂုဏ်ယူတဲ့ အလုပ်တွေ နေ့စဉ်လုပ်ပါ။” ဒီအတွေးတွေကို လက်ကိုင်ထားတယ်။

ဘာပဲဖြစ်ဖြစ် ဆုံး ဖြတ်ပြီးရင် ဖြစ်အောင်လုပ်ပါ။
အနာဂတ်ပုံရိပ်က အတိတ်ထက်ပို ကြည်လင် ပြတ်သားဖို့ လိုပါတယ်။

ℙ𝕙𝕪𝕠 Paing @ Derek

Share Your Idea!​