ဒီတော့ လူတွေအကြောင်းထိုးထွင်းသိမြင်နိုင်ဖို့
ဘဝရဲ့ တစ်ကွေ့မှာ တွေ့ခဲ့တဲ့
လူတွေအကြောင်းကို ဆက်စပ်ပြီး
သုံးသပ် စဥ်းစားကြည့်တယ်။
ဒီလို connecting the dots လုပ်တဲ့စနစ်ဟာ
ထိုးထွင်းသိမြင်မှုကိုရစေတယ်။
ဘယ် လုပ်ပုံကိုင်ပုံ pattern တွေကတူတယ်။
ဘယ်ပုံတွေက ကွဲပြားတယ်။
ဒါတွေကို မတူညီကွဲပြားတဲ့
personality framework တွေနဲ့ ချိန်ဆကြည့်တယ်။
နောက်တစ်နည်းကတော့
မှားယွင်းတဲ့ ယူဆချက်တွေကိုရှာဖွေပြီး
ထိုးထွင်းသိမြင်နိုင်အောင်လုပ်တာပဲ။
ဥပမာ နယူတန်လက်ထက်က
space နဲ့ time က တစ်သားမတ်ထဲ
ဖြစ်နေတယ်ဆိုတဲ့ အယူအဆက
အိုင်စတိုင်းကို နှစ်ပေါင်းများစွာ
တိုင်ပတ်စေခဲ့တယ်။
1899 မှာ James Clerk Maxwell က
electric and magnetic field အတွက်
model နဲ့ equation ထုတ်လိုက်မှ
အိုင်စတိုင်းက space and time က
constant မဟုတ်ဘူး။
relative ဖြစ်တယ်ဆိုတဲ့ တွေ့ရှိချက်တွေ့ပြီး
relativity theory ဖြစ်လာတယ်။
ဒါကို Contradiction insights လို့ခေါ်တယ်။
ဥပမာ MBTI ဆိုတာ တစ်ကမ္ဘာလုံးမှာ
အသုံးအများဆုံး personality test
Personality 16 မျိုးနဲ့
ဘာအလုပ်လုပ်ရမယ်ဆိုတာမျိုးထိပါတယ်။
ဒါပေမယ့် ဖြေတဲ့သူရဲ့ စိတ်အခြေအနေ
ပေါ်မူတည်ပြီးလဲ ကွာနိုင်တယ်။
နောက်တစ်ခုက တချို့လူတွေက
introvert အတွင်းစွဲလို့ထင်ပေမယ့်
လူတွေများတဲ့ ကော်ဖီဆိုင်မှ
အလုပ်လုပ်တဲ့အခါ အလင်းတွေပိုပွင့်တဲ့
tendency လဲ ရှိပြန်ရော။
introvert နဲ့ extrovert တလှည့်စီဖြစ်နေတဲ့
သူတွေ လဲရှိတယ်။
နောက် Enneagram မှာဆို
Enneagram type 7 တွေ စိတ်ပျော်ရင်
တစ်ခုခုကို လေ့လာသင်ယူမယ်ဆိုတဲ့
enneagram type 5 ကိုပြောင်းသွားတာ၊
စိတ်ညစ်ရင် လူသားတွေကို ကယ်တင်မယ်ဆိုတဲ့
Enneagram type 1 ပြောင်းသွားတဲ့
pathway က တချို့လူတွေ မှာပြောင်းပြန်ဖြစ်တယ်။
အထူးသဖြင့် manipulative type 7 တွေမှာ။
ဒါက false assumption တချို့ပေါ့။
ကိုယ်က လူပေါင်းများစွာကိုလေ့လာပြီး
တဖြည်းဖြည်းတွေ့လာတတာ။
Insight ရဖို့ နောက်တစ်နည်းကတော့
စူးစမ်းလေ့လာ အဖြေရှာတာ။
Curiosity ဖြစ်တယ်။
ပုံမှန် ဘဝကို ဒီအတိုင်းဖြတ်သန်းတာထက်
မေးခွန်းတွေထုတ် နားလည်အောင်လုပ်
ဘဝကို ဖြတ်သန်းတာက
insight ထိုးသွင်းသိနိုင်မှုပိုဖြစ်စေတယ်။
စူးစမ်းလေ့လာမှုကနေ
တူညီတဲ့ တိုက်ဆိုင်မှုတွေတွေ့လာမယ်။
coincidences နဲ့ curiosity ဟာ
insight ဖန်တီးရေးမှာလဲ အရေးပါတယ်။
နောက်တစ်ခုကတော့
creative desperation လို့ခေါ်တယ်။
အရေးကြီးတဲ့
chess ဆော့ရင်းရှုံးတော့မည့်အချိန်
ထင်မထားတဲ့ လုပ်ရပ်ထွက်ပေါ်လာတာမျိုး။
အရင်က ယူဆထားတဲ့
မှားယွင်းတဲ့ အယူအဆကို ကျော်ပြီး
လုပ်လိုက်နိုင်တာမျိုးပေါ့။
Gary Klein ကတော့
fighting fire with fire ဆိုတာ နဲ့
case study ပေးထားတယ်။
မီးမုန်တိုင်း တိုက်တဲ့အချိန်
လေပြင်းနဲ့အတူ သူတို့ team တွေဆီ
ရောက်လာတော့မှာတွက်မိတဲ့အတွက်
သူတို့ဆီ မရောက်ခင်
direction တွေ သူတို့ဆီထိ
မရောက်ခင် တားနိုင်ဖို့
ဖောက်ခွဲမှုပြုလုပ်ပြီး
မီးအရှိန်ကို ထိန်းခဲ့တာမျိုး။
ကျင်းထဲကြပ်ထဲ ရောက်တဲ့အခါ
idea တွေ ထွက်လာတာမျိုးပေါ့။
Organization တွေမှာဆို
error မရှိအောင်
predictability နဲ့ perfectionist ဖြစ်ကြတယ်။
ဒီလို လုပ်ခြင်းဟာ insight တွေရဖို့
အခက်အခဲဖြစ်စေတယ်။
နောက်တစ်ခုက ကံကလဲ အရေးကြီးတယ်။
DNA ကို တွေ့ခဲ့တဲ့
James Watson and
English physicist Francis Crick ဟာ
တစ်ယောက်က American Biologist
တစ်ယောက်က Physicist ဖြစ်ခဲ့သလို
သူတို့ဟာ Rosalind Franklin ရဲ့
X-ray ဓာတ်ပုံတွေကိုကြည့်ပြီး
DNA ဆိုတာ base လေးခုပါမည့်
double helix ဖြစ်မယ်ဆိုတာ
conceptualize လုပ်ခဲ့ပြီး
noble ဆုရခဲ့တယ်။
British chemist and X-ray crystallographe
ဖြစ်တဲ့ Rosalind Elsie Franklin ကတော့
နိုဘယ်ဆုနဲ့လွဲခဲ့တယ်။
Good design = bad insight တဲ့။
Seeing what others don’t ဆိုတာကတော့
Gary Klein ရဲ့ တော်တော်ကောင်းတဲ့
စာအုပ်ဖြစ်တယ်။
လူတွေ ဘယ်လို ဆုံးဖြတ်ချက်ချကြလဲ
ရှုပ်ထွေးမှုတွေကို အဖြေရှာထားတဲ့
စာအုပ်ကောင်းတစ်အုပ်ပဲ။
Phyo Paing @ Derek