Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

အရင်နှစ် March လောက်က

စာအုပ်စဖတ်တဲ့ Day 251 မှာ ပြင်ဦးလွင်က
မန္တလေးအဆင်း ည ကိုးနာရီမှာ
car accident ဖြစ်တယ်။
ကားပက်လက်လှန်မှောက်သွားသလို
အရှေ့မှန်ကအစ ကွဲပြီး လက်မှာ
ပုလင်းကွဲတွေ ရှပြီး ကားထဲက
မနည်းထွက်လာရတယ်။
နောက် ရဲတွေဘာတွေနဲ့ ငြိပြီး
အနီးနားက Eighteen Restaurant and Hotel မှာ
တည်းလိုက်တယ်။

နောက်တစ်ရက် Day 252 မှာ Unthetered Soul
ဆိုတဲ့ Spiritual နဲ့ ဆိုင်တဲ့ စာအုပ်ကို
ဖတ်ပြီး video ရိုက်တဲ့ ဖြစ်စဥ်ပြန်လုပ်ရတယ်။

ပုံမှန် stress များတဲ့ ကိစ္စတွေကြုံပြီးရင်
Post-traumatic stress disorder (PTSD) ဆိုတာ
ကြုံရတတ်တယ်။
ဒါကို ဖယ်ရှားဖို့ Clearing ဆိုတဲ့ ဖြစ်စဥ်လုပ်ရတယ်။
ဒီလို stress ဖြစ်ပြီးတိုင်း
General negativity နဲ့ Specific negativity
လို့ခေါ်တဲ့ အကောင်းတဲ့ စိတ်ခံစားချက်တွေ
ဝင်တတ်တယ်။
ဒါကို clearing လုပ်တဲ့ ဖြစ်စဥ်ရှိတယ်။
တချို့ က Energy healing တို့၊
Quantum healing တို့ အမျိုးမျိုးခေါ်ကြတယ်။
ဒီ သက်သေပြလို့ မရ၊
Subjective ဖြစ်တဲ့ Pseduo-science တွေကို
ယုံရမလား၊ မယုံရမလား စဥ်းစားရတယ်။

ဥပမာ NLP ဆို အလုပ်ဖြစ်တယ်။
ဒါပေမယ့် တချို့အယူအဆတွေက
သိပ္ပံပညာနဲ့ သွယ်ဖယ်တဲ့အပိုင်းလေးတွေရှိတယ်။

ကျွန်တော်စဥ်းစားတာကတော့ ရှင်းတယ်။
အလုပ်ဖြစ်တာ လုပ်။
Neuro-science မှာ ဘယ်အစိတ်အပိုင်းက
ဘာကိုလုပ်တယ်ဆိုတဲ့ ကွန်ပြူတာအစိတ်အပိုင်းပုံစံ
လုပ်တာမျိုး စဥ်းစားတာ မှားတယ်တဲ့။

နောက်ပြီး epigenetics ဆိုတာရှိတယ်။
သူက အတွေးအခေါ်နဲ့ အပြုအမူပြောင်းရင်
ကိုယ့် gene ကိုလဲ ပြောင်းလဲနိုင်တယ်။

မယုံရင် အစားအသောက်ပြောင်း၊
လေ့ကျင့်ခန်းပုံမှန်လုပ်၊
စာပုံမှန်ဖတ်၊ စာပုံမှန်ရေး၊
ကိုယ်ဖြစ်ချင်တာကို နေ့တိုင်းစိတ်ကူးပုံဖော်ကြည့်။
အပြောင်းအလဲဖြစ်ကို ဖြစ်တယ်။

ဒီနေ့ စဥ်းစားမိတာ spirituality အကြောင်းပေါ့။
တချို့က spirituality က significance
ဆိုတဲ့ ငါပိုမိုက်တယ်ဆိုတဲ့ ခံစားချက်ကို
ဖြစ်စေတယ်တဲ့။
ငါကတော့ တရား ဒီအဆင့်ရောက်နေပြီ။
ငါကတော့ သောတာပန်တို့၊
တချို့ တရားစခန်းမှာ မြင်ဖူးလိမ့်မယ်။
ဒီလို significance တစ်ခုဖြစ်စေသလို
တကယ့် divine နဲ့ ချိပ်ဆက်တဲ့
ထူးဆန်းတဲ့ ခံစားချက်ခံစားရတာမျိုး၊
ကိုယ့်ရဲ့ intuition တိုးတက်လာတာမျိုး၊
အချိန်ဆိုတဲ့ အတိတ်နဲ့ အနာဂတ်မရှိတော့ပဲ
ပစ္စုပ္ပန်ထဲမှာပဲရှိနေတာမျိုး ဖြစ်လာတတ်တယ်။

လူဆိုတဲ့ မတူညီတဲ့ realm တွေမှာ
နေကြတယ်။
လူအများစုက အာရုံငါးပါးဖြစ်တဲ့
VAKOG (Visual, Auditory, Kinesthetics,
Olfactory, Gustatory)
မြင်ကြားသိအနံ့အရသာ ပေါ်မူတည်ပြီး
ဦးနှောက်ရဲ့ hippocampus ရဲ့စေ့ဆော်မှုပေါ်မှာ
အထင်အမြင် perception တွေဖြစ်တယ်။

လူတွေက ကိုယ့်အတွေးတွေထဲမှာပဲ
နေနေကြတယ်။
ကိုယ့်အတွေးတွေ၊ ခံစားချက်တွေက
DNA ကိုလွမ်းမိုးတယ်လို့ ဒီနေ့ဖတ်တဲ့
Lhaaral William Aholana ရေးတဲ့
The Clarity technique ကဆိုတယ်။

သူကတော့ Sai BaBa တို့လို
Spirituality divine အကြောင်းတွေ၊
Energy အကြောင်းတွေ၊
လူတွေက DNA ကို အတွေးနဲ့
အချစ် love နဲ့ healing လုပ်လို့ရတဲ့
အကြောင်းတွေ script တွေ
အများကြီးပြောပြထားတယ်။

နေရာတစ်ခု ရောက်သွားရင်
energy အသစ်တစ်ခုကို ခံစားရသလို
ကိုယ့် energy ကို အဲ့နေရာက
စုပ်ယူသွားတတ်တဲ့ အတွက်
ဂရုပြုဖို့ အကြောင်းတွေ ပြောထားတယ်။

သိပ္ပံနည်းကျ သက်သေပြလို့မရပဲ
သူ့ရဲ့ ဒီ spirituality ကိုပဲ အဓိကပြောတော့
ကိုယ့်အနေနဲ့တော့ Epigentics ဆိုတဲ့
အယူအဆနဲ့ပဲ ပြန်ချိပ်မိတယ်။

လူတိုင်းက နေ့စဥ်ဘဝမှာ
ခွင့်လွတ်ရမည့်အရာတွေနဲ့ကြုံရမှာပဲ။
အသေးဆုံး ချစ်သူရည်းစားလင်မယား
စိတ်ဆိုးစိတ်ကောက်တာကနေ
ရန်ဖြစ်၊ ကွဲပြဲတာကနေ
ကိုယ်ချစ်တဲ့သူတွေ ဆုံးပါးသွားတာ၊
လမ်းမှာကိုယ်မသိတဲ့သူတစ်ယောက်ကဆဲသွားတာမျိုး။

ဒါတွေကို ကျော်လွှားဖို့ clearing ဖြစ်စဥ်လိုတယ်။
healing လုပ်တဲ့စနစ်လိုတယ်။

Phyo Paing @ Derek

Share Your Idea!​