Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

အလုပ်ဖြစ်တဲ့ စီးပွားရေးလမ်းပြ မြေပုံ Business Map ရှိပြီလား?

အလုပ်ဖြစ်တဲ့ စီးပွားရေးလမ်းပြ မြေပုံ Business Map ရှိပြီလား?

ဒီနေ့လို အချိန်အခါသမယမှာ ဆက်လက်တိုးတက်ကြီးထွားလိုတဲ့လုပ်ငန်းတိုင်းမှာ ကိုယ်ပိုင် စီးပွားရေးလမ်းပြ မြေပုံ မရှိမဖြစ်လိုလာပါပြီ။

စီးပွားရေးလမ်းပြမြေပုံဆိုတာ ကိုယ့်လုပ်ငန်းမှာ အလုပ်ဖြစ်တဲ့အပိုင်း၊ အလုပ်မဖြစ်တဲ့အပိုင်း၊ ကိုယ့်လုပ်ငန်းရှိနေသင့်တဲပုံစံ၊ စံနှုန်း အစရှိတာတွေကို သေသေချာချာပြန်လည်သုံးသပ်တာဖြစ်ပါတယ်။

စီးပွားရေးလမ်းပြ မြေပုံဆိုတာ ကိုယ့်လုပ်ငန်းရဲ့ ဖြစ်တည်ပုံကို အပြန်ပြန်အလှန်လှန်သုံးသပ်တာဖြစ်ပါတယ်။ လုပ်ဆောင်နေတဲ့ လုပ်ငန်းဆောင်တာ၊ လုပ်ငန်းစဥ်နဲ့ စနစ်တွေကို ဘာကြောင့်လုပ်ရသလဲ၊ ဘာကြောင့်ကိုယ် ဒီလုပ်ငန်းကို လုပ်ဖြစ်နေတာလဲ၊ ကိုယ့်ဖောက်သည်တွေအပေါ် ကိုယ့်လုပ်ငန်းက ဘယ်လိုအကျိုးသက်ရောက်မှုကောင်းတွေရှိနေစေလဲ။ အစရှိတဲ့မေးခွန်းတွေပြန်မေးတာဖြစ်ပါတယ်။

စီးပွားရေးလမ်းပြ မြေပုံ Business Map ရှိခြင်းဖြင့် ကိုယ့်သွားချင်တဲ့ပန်းတိုင် Business vision ရုပ်လုံးပေါ်လာမှာဖြစ်သလို၊ ဒီလမ်းကြောင်းသွားဖို့ သေးသေးမွှားမွှားလမ်းကြောင်းသေးလေးတွေအတွက် ခေါင်းစားမှုလျော့ကျသွားမှာဖြစ်တယ်။

Business Map ဆိုတာ ရေတိုအမြတ်ရဖို့၊ ရေတိုလုပ်ငန်းကြီးထွားဖို့ အများကြီးပိုပါတယ်။ တစ်နှစ်၊ နှစ်နှစ်စာလောက်အတွက် စဥ်းစားတာမဟုတ်ပါဘူး။ ဒီထက်အများကြီးပိုပါတယ်။

ကိုယ့်ကိုကိုယ်ပြန်မေးကြည့်ပါ။

ကိုယ်ကဘယ်လုပ်ငန်းနယ်ပယ်ထဲရှိနေတာလဲ? ဥပမာ Cosmetic industry လို့ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် ကိုယ်တကယ်တမ်းရှိနေတာ Beauty industry မှာဖြစ်နိုင်ပါတယ်။ ဒီအချက်ကိုသိရင် ကိုယ်သွားလို့ရတဲ့လမ်းကြောင်းအရင်ထက် ကျယ်သွားတာ သတိထားမိပါလိမ့်မယ်။ နောက်ပြီး risk တွေကို ပို စီမံခန့်ခွဲနိုင်ပါလိမ့်မယ်။

လက်ရှိလုပ်ငန်းအခြေအနေဘယ်လိုလဲ? ကိုယ့်လုပ်ငန်းကဘယ်လို အခြေအနေမျိုးဖြစ်သင့်သလဲ? ဒီမေးခွန်းတွေကိုပြန်မေးကြည့်ပြီး ကိုယ့်လုပ်ငန်းရဲ့ Business Map ကို ချဖို့ အချိန်ကျပါပြီ။

#Akyanpay

Share Your Idea!​