ကိုယ့်အာရုံကို ဘယ်မှာထားလဲ။
ကိုယ့်ဘဝကို အဲဒီမှာ ထားနေတာပဲ။
မိသားစုနဲ့ ထမင်းအတူစားနေတယ်။
စိတ်က ဖုန်းထဲမှာ။
ချစ်တဲ့သူနဲ့ အတူရှိနေတယ်။
စိတ်က အလုပ်ထဲမှာ။
အလုပ်လုပ်နေတယ်။
စိတ်က Social Media ပေါ်မှာ။
အချိန်ပေးတာနဲ့ အာရုံပေးတာ မတူဘူး။
စိတ်ပညာရှင် William James က
၁၈၉၀ ကတည်းက ပြောခဲ့တယ်။
“My experience is what I agree to attend to.”
ကိုယ်အာရုံစိုက်တဲ့အရာတွေက
ကိုယ့်ဘဝရဲ့ အတွေ့အကြုံတွေ ဖြစ်လာတယ်။
ဒီခေတ်မှာ စီးပွားရေးလုပ်ငန်းတော်တော်များများက
ကိုယ့်အာရုံကို ရဖို့ ပြိုင်နေကြတယ်။
ဒါကို Attention Economy လို့ခေါ်တယ်။
ကိုယ်က App တွေကို အခမဲ့သုံးနေတယ်ထင်တာ။
တကယ်တော့ ကိုယ့်အာရုံနဲ့ ပေးချေနေရတာ။
ဒီနေရာမှာ ဗုဒ္ဓရဲ့ သင်ကြားမှုက
စိတ်ဝင်စားဖို့ကောင်းတယ်။
သတိ။
ကိုယ့်စိတ် ဘယ်ရောက်နေလဲ သိဖို့။
အာရုံလွင့်သွားတာကို သိဖို့။
သိမှ ပြန်ထိန်းလို့ရမယ်။
အလုပ်မှာ အာရုံပေးနိုင်လေ
အလုပ်ရဲ့ အရည်အသွေး ကောင်းလာလေ။
ဆက်ဆံရေးမှာ အာရုံပေးနိုင်လေ
ဆက်ဆံရေး ပိုနက်ရှိုင်းလာလေ။
ကိုယ့်စိတ်ကိုယ် သတိထားနိုင်လေ
ကိုယ့်စိတ်အကြောင်း ပိုနားလည်လာလေ။
မနာလိုစရာတွေကို အာရုံစိုက်ရင်
မနာလိုစိတ် ကြီးလာမယ်။
ဒေါသထွက်စရာတွေကို အာရုံစိုက်ရင်
ဒေါသ ကြီးလာမယ်။
သင်ယူစရာတွေကို အာရုံစိုက်ရင်
အသိပညာ တိုးလာမယ်။
ကိုယ်ရေလောင်းတဲ့ အပင်က ကြီးလာမှာပဲ။
တစ်နေ့ကို ၂၄ နာရီ လူတိုင်းရတယ်။
ဒါပေမယ့် အာရုံကို စီမံနိုင်စွမ်းချင်း မတူဘူး။
Time Management တင်မဟုတ်ဘူး။
Attention Management ပါ လုပ်တတ်ဖို့လိုတယ်။
ကိုယ့်အာရုံကို ကိုယ်မစီမံရင်
တခြားသူတွေက စီမံသွားလိမ့်မယ်။
Phyo Paing @ Derek