လုပ်ငန်းတွေရဲ့ အောင်မြင်မှု၊ ကျဆုံးမှုကို ပုံဖော်ပေးတာ
ဦးဆောင်မှု ဖြစ်ပါတယ်။
ဘယ်လောက်ခက်ခဲတဲ့ကာလဖြစ်ပါစေ ဦးဆောင်သူရဲ့
အမြော်အမြင်က ဒီစိန်ခေါ်မှုတွေကို အနိုင်ယူပြီး
ပိုကောင်းတဲ့ အနာဂတ်ကိုပုံဖော်နိုင်တယ်ဆိုတာကို
ဒုတိယ ကမ္ဘာစစ်အတွင်းမှာ Super Cup ဆိုင်ကယ်တွေ
ထုတ်ပြီး ကမ္ဘာ့ထိပ်တန်း အမှတ်တံဆိပ်ဖြစ်လာတဲ့
Honda က သာဓက ဖြစ်ပါတယ်။
ကျွန်တော်တို့နိုင်ငံမှာ လုပ်ငန်းရှင်အများစုက
micro-manage အသေးစိတ်လိုက်ပြီး စီမံခန့်ခွဲတတ်ကြပါတယ်။
ဒီလိုလုပ်တဲ့အတွက် လုပ်ငန်းကြီးထွားဖို့များစွာ
အခက်အခဲဖြစ်စေနိုင်ပါတယ်။
ကိုယ့် team ကို မေးခွန်းမေးပါ။
ဘာလုပ်ပါအသေးစိတ် အဖြေမပေးလိုက်ပါနဲ့။
လုပ်ငန်းရှင်ရဲ့ အဓိကတာဝန်ဖြစ်တဲ့
ရည်မှန်းချက်ပန်းတိုင်ကို ချမှတ်ပေးပါ။
ကိုယ့်ဝန်ထမ်းတွေအားလုံးက ကိုယ်သွားချင်တဲ့
လမ်းကြောင်းကို ရှင်းရှင်းလင်းလင်းသိနေရမယ်။
ကိုယ့်ဝန်ထမ်းတွေဟာ အသေးစိတ်ချမှတ်ထားတဲ့
to-do list တွေကိုလုပ်တာထက်
ပြဿနာတွေကို ဖြေရှင်းတဲ့ problem-solver တွေ
ဖြစ်ဖို့လိုတယ်။
ဒီလိုလုပ်ဖို့ အလုပ်ခန့်တဲ့အခါသေချာ ရွေးချယ်ပါ။
#Akyanpay