Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းတွေ
တည်ဆောက်ဖို့ “အမြတ်” ရှိနေဖို့လိုတယ်။

Coup ဖြစ်ကတည်းက
ကိုယ်ချင်းစာဖို့ကောင်းပြီး
မေ့နေတတ်တဲ့ထဲမှာ
လုပ်ငန်းရှင် အသေး၊ အလတ်၊ အကြီး
အကုန်ပါကောင်းပါနိုင်တယ်။
ဘာကြောင့်လဲဆိုတော့ သူတို့နောက်မှာ
မိသားစုတွေ အများကြီးရှိသလို
မတည်ငြိမ်မှုတွေကြောင့် အနာဂတ်ကလဲ
အစိုးမရသလို၊ လုပ်ငန်းကြော်ငြာရမလား၊
ရပ်ထားရမလား တော်တော်လေး ဒွိဟဖြစ်
တတ်ကြတယ်လို့ ယူဆတယ်။

ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းတွေ
တည်ဆောက်ဖို့ “အမြတ်” ရှိနေဖို့လိုတယ်။

အမြတ်နဲ့ အရောင်းမတူဘူး။
ရောင်းရပြီးရှုံးနေတဲ့ ရောင်းရှုံးဆိုတာလဲရှိတယ်။

လုပ်ငန်းတစ်ခု အမြတ်တိုးတက်ဖို့လိုတဲ့အတွက်
ကိုယ့်ကိုကိုယ် မိတ်ဆက်ရင်
Productivity နဲ့ Profit ကိုတိုးတက်အောင်
ကူညီပေးတဲ့ မားကတ်တင်း trainer and consultant
လို့ပဲ အလွယ်တကူ မိတ်ဆက်လိုက်တယ်။

ဘာကြောင့်လဲဆိုတော့ profit က အသက်ပဲ။
ကိုယ်နဲ့ ဝန်ထမ်း၊ ဖောက်သည်၊ ဆက်စပ်သူတွေ
အားလုံးအဆင်ပြေဖို့ profit ရှိဖို့အတွက်
သုံးခု လုပ်လို့ရတယ်။

၁။ ဖောက်သည် အရေအတွက်များအောင်
၂။ ဖောက်သည်ဝယ်ယူတဲ့ ကြိမ်နှုန်းများအောင်
၃။ ဖောက်သည် ဝယ်တဲ့ပမာဏများအောင်

Number x Frequency x Average Purchase
သုံးခု လုပ်လို့ရတယ်။

ဒီသုံးခုမြောက်လိုက်ရက် ခုန်ပျံကျော်လွှား
ဆပွါး Sapwar ရလဒ်ရတယ်။
ဒါကို geometric growth လို့ခေါ်တယ်။

ဒါကြောင့် ဒီလိုအချိန်ကာလမှာ
ဖောက်သည်အသစ် သိပ်မရလို့
ကြော်ငြာလို့ သိပ်အဆင်မပြေလို့
စိတ်မညစ်လိုက်ပါနဲ့။

ဝယ်ယူမှု ကြိမ်နှုန်းနဲ့ ပမာဏများအောင်
နည်းလမ်းတချို့ရှာကြည့်ပါ။

ဒီကာလမှာ လုပ်ငန်းရှင်၊ Entrepreneurs,
စွမ်းဆောင်ရည်မြင့်သူနဲ့
PwP (People with Passion) တွေကို
တတ်နိုင်တဲ့ဖက်က ကူညီပေးသွားဖို့
ဆုံးဖြတ်ထားတယ်။

အချိန်ရရင် ရသလိုလဲ တင်ပေးသွားပါမယ်။
ဒီအကြောင်း ဆက်ရေးစေချင်တယ်ဆိုရင်
Comment မှာ yes လို့ရေးသွားကြည့်ပါ။

(PS- Macroeconomic မကောင်းရင်
Micro မှာလဲလာထိနိုင်တာတော့
အားလုံးအသိပဲ။)

Akyanpay
ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းတွေ
တည်ဆောက်ပါ။

#Akyanpay

Share Your Idea!​