Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

Guerrilla Marketing

Guerrilla Marketing ဆိုတာကတော့ မတူညီကွဲပြားတဲ့ marketing ဗျူဟာနဲ့ ကြော်ငြာအသုံးငွေနည်းနည်းနဲ့ စျေးကွက်ဖောက်တာကိုဆိုလိုတာဖြစ်ပါတယ်။ ဒီ မားကတ်တင်းအယူအဆကို အမေရိကန် စီးပွားရေးစာရေးဆရာ Jay Conrad Levinson က စတင်ထုတ်ဖော်ခဲ့ပြီး သမရိုးကျစီးပွားရေးကြော်ငြာ channel တွေဖြစ်တဲ့ radio, TV, journal, magazine အပြင် Internet နှင့် Online channel တွေကိုအသုံးချပြီး ပေးချင်တဲ့ original message ကိုလူတွေကြားမှာ ရေပန်းစားအောင်လုပ်ပြီး ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေကို စျေးကွက်ဖောက်တာဖြစ်ပါသည်။
(Low Cost & High Impact Marketing)

သမရိုးကျ မားကတ်တင်းနှင်. GM ကွာခြားချက် အဓိက ၃ ချက်

1. ငွေကိုရင်းနှီးမြုပ်နှံမှုပြုခြင်းထက် knowledge, time, energy and imagination ကို ရင်းနှီးမြုပ်နှံခြင်း။
2. Psychology ကို အသုံးပြုပြီး Marketing ပြုလုပ်ခြင်း။
3. ရောင်းအားထက် Profit ကို focus လုပ်ခြင်း။

Marketing Textbook အများစုမှာ Company အကြီးတွေကိုလေ့လာသည်။ Guerrilla Marketing က အကြီး၊ အငယ်သုံးနိုင်သည်။

Guerrilla Marketing Coach
စရိတ်နည်းပ့ါး ထိရောက်မှုဆပွါး

#gmc
#sapwar

Share Your Idea!​