နည်းလမ်းကိုပြပေးတာ နည်းပြ။
နည်းလမ်းမျိုးစုံရှိတယ်။
တရားထိုင်တာ
တရားထိုင်နည်းမျိုးစုံရှိတယ်။
ကျန်းမာရေးအတွက်
လေ့ကျင့်ခန်းနည်းမျိုးစုံရှိတယ်။
စီးပွားရေးစီမံခန့်ခွဲမှုအတွက်
စီမံခန့်ခွဲမှုနည်းလမ်းမျိုးစုံရှိတယ်။
တိုးတက်ရေးအတွက်
တိုးတက်ရေးနည်းလမ်းမျိုးစုံရှိတယ်။
မားကတ်တင်းလုပ်တဲ့အခါ
မားကတ်တင်းလုပ်နည်းမျိုးစုံရှိတယ်။
ကိုယ့်ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့
ကိုယ့်နဲ့ကိုက်ညီတဲ့ နည်းလမ်းကို
အသုံးပြုဖို့
၁။ စာဖတ်ပြီး လုပ်လို့ရတယ်။
၂။ ဗွီဒီယိုကြည့်ပြီး လေ့လာလိုက်လုပ်ကြည့်လို့ရတယ်။
၃။ သင်တန်းတက်ပြီးလိုက်လုပ်ကြည့်လို့ရတယ်။
ဒီအပေါ် ၃ ခုကို DIY လို့ခေါ်တယ်။
Do-it-yourself ကိုယ်တိုင်လုပ်နည်းပေါ့။
သူက လုပ်လိုက်၊ ဆန်းစစ်လိုက်၊ ပြန်ပြင်လိုက်
ကိုယ်တိုင် ကြည့်ကျက်လုပ်တဲ့အတွက်
အချိန်နည်းနည်းကြာတယ်။
နောက်တစ်နည်းက
နည်းပြနဲ့သွားတဲ့နည်း။
ဘောလုံးကို ဘယ်လိုကန်ဆိုတာပြပေးလိုက်တယ်။
ကန်တာကို ဘေးကကြည့်တယ်။
လိုအပ်တာကို ပြန်လည်ပြောပြ feedback ပေးတယ်။
ဒီကတစ်ဆင့်တိုးတက်အောင်လုပ်သွားကြတယ်။
နည်းပြနဲ့ လုပ်ဆောင်သူ အတူတူသွားတဲ့အတွက်
ဒါကို Do-it-with-you ကိုယ်နဲ့အတူလို့ခေါ်တယ်။
DIWY business model လို့လဲခေါ်တယ်။
နောက်တစ်နည်းက ဖြစ်ချင်တာပြော။
အကျိုးအကြောင်းအတိအကျမေး။
နောက်မျက်စိမှိတ်ထားလိုက်တော့
ကျွန်တော်တို့ အကုန်လုပ်သွားမယ်။
ဒီနည်းနဲ့ ဖောက်သည်ပြဿနာဖြေရှင်းပြီး
ရည်မှန်းချက်ပန်းတိုင်ရောက်အောင်သွားတာကို
Agency လို့ကြမ်းဖျင်းခေါ်လို့ရတယ်။
တချို့က Consulting နဲ့ Agency တွဲလုပ်တယ်။
တချို့ Consulting က အကြံပဲပေးတယ်။
တချို့က အကောင်ထည်ဖော် Implementation ပါပါတယ်။
Harvard Business Reviews ကလဲ
Consulting is more than just giving advice တဲ့။
ကော်ဆားတန့်ဆိုတာ အကြံပေးတာ
တစ်ခုထက်ပိုတယ်တဲ့။
ဒီလို ကျွန်တော်တို့ အကုန်လုပ်လိုက်မယ်ဆိုတာ
Done-for-you business model လို့ခေါ်တယ်။ကိုယ်က ဘာလုပ်နေလဲဆိုတာသိရမယ်။
Guerrilla Marketing Coach
စရိတ်နည်းပါး ထိရောက်မှုဆပွါး
#gmc
#sapwar